Chapter 6

863 37 2
                                    

(Unicode)

"ကျန့်ကော ခုတင်ပေါ်အိပ်လိုက် ကျွန်တော်အောက်မှာဆင်းအိပ်လိုက်မယ် ၊ အိပ်ရကြပ်မှာစိုးလို့"

"မဟုတ်တာ မဟုတ်တာ မင်းအပေါ်လာအိပ် ၊ ငါအောက်မှာအိပ်မယ် ၊ မင်းကကြမ်းပေါ်အိပ်ဖူးမှာမဟုတ်ဘူး။ စအိပ်ခါစဆို ကိုယ်တွေနာနေလိမ့်မယ်"

"ကျွန်တော် အိပ်ဖူးပါတယ်၊ စစ်သွားတိုက်တုန်းက မြေကြီးပေါ်မှာအိပ်တာ"

"မင်း စစ်တိုက်သွားရသေးတယ်လား"

"အင်း ၊ ကျွန်တော် စစ်တိုက်ထွက်တာ ၁၅ နှစ်ထဲက ၊ နယ်စပ်ဘက်တွေမှာသွားတိုက်ရတာ"

"မထင်ထားဘူး မင်းကြည့်ရတာ နုနုဖတ်ဖတ်လေးဆိုတော့"

"ကျန့်ကောကပိုဆိုးတယ်မဟုတ်ဘူးလား၊ မွေးထဲကဘယ်သူမှမသိအောင်ဖွက်ထားတာဆိုတော့"

"ဒီတစ်ခါတော့မင်းအထင်မှားသွားပြီ ၊ အခန်းတစ်ခုထဲမှာဘဲဘယ်သူမှမမြင်အောင် ငါ့ကိုဖွက်ထားတာမဟုတ်ဘူး။ ငါဘယ်သူလဲအသိမခံတာတစ်ခုဘဲ ၊ နန်းတော်ထဲကလူတော်တော်များများ ငါ့ကိုမြင်ဖူးတယ် ငါဘယ်သူလဲဆိုတာမသိတာတစ်ခုဘဲ"

"အဲဒါဆို စစ်တိုက်ရောထွက်ဖူးလား"

"ထွက်ဖူးတာပေါ့ ၊ ငါမလုပ်ဖူးတာခပ်ရှားရှားရယ်။ စစ်တိုက်ရတယ်ဆိုပေမယ့်လည်းကွာ သူခိုးဓါးပြတွေကို လိုက်နှိမ်နှင်းရတာ တစ်ခုပါဘဲ။"

"ကျန့်ကော တခြားဘာတွေလုပ်ဖူးသေးလဲ"

"အင်း... လမ်းပေါ်က ဇာတ်အဖွဲ့နဲ့လည်းလိုက်ဖူးတယ် ၊ နန်းတော်စားဖိုဆောင်ထဲမှာလည်းလုပ်ဖူးတယ်။ နန်းတွင်းအစောင့်တပ်ထဲလည်းဝင်ဖူးတယ် ၊ အများကြီးဘဲလုပ်ဖူးတာတွေက"

"ဟွား ဘုရင်က ခွင့်ပြုတယ်လား ၊ ကျန့်ကောဒီလိုလုပ်တာတွေကို"

"အင်း..... ပြဿနာမရှာရင်ရတယ် ၊ ဒါမယ့်သိလား ငါတစ်ခါပြဿနာရှာဖူးတယ် ။ ဇာတ်အဖွဲ့နဲ့လိုက်တုန်းက လူတစ်ယောက်က မကောင်းဘူး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သတင်းလွှင့်လို့ဆိုပြီး လိုက်ထိုးတာလေ ရုံးပေါ်ရောက်သွားတယ်။ တစ်ညလောက်အချုပ်ကျလိုက်သေးတာပေါ့ အဲဒါကို အဖေတို့မသိဘူးလေ ၊ အကိုတော်ဘဲသိတာ ဟဲဟဲ"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now