Chapter 15

563 26 0
                                    

(Unicode)

လွန်ခဲ့သော ၃ နှစ်............

နှင်းများပိတ်နေအောင်ကျနေသော နေရာတစ်နေရာတွင် ၁၅ နှစ်အရွယ်ဝမ်ရိတစ်ယောက် ပတ်ဝန်းကျင်ကိုစူးစမ်းနေသည်။ ရန်အန်း၏ တရားဝင်မင်းသားတစ်ယောက်ဖြစ်သူ သူ့အတွက် စစ်တိုက်ထွက်ရသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။ အကိုတော် အိမ်ရှေ့စံမင်းသားလည်းပါ၍ သူ့အတွက်အရမ်းခက်ခဲနေသည်တော့မဟုတ်ပေ။ သူ့အတွက်ခက်ခဲသည်မှာ သူ၏ကိုယ်ခံပညာများကို လက်တွေ့စစ်မြေပြင်တွင်အသုံးချနေရခြင်းသာ။ ပုံမှန်သင်ပေးသူဆရာ ၊ ဒါမှမဟုတ် အတူတူလေ့ကျင့်သူစစ်သည်များဖြင့်သာ ကိုယ်ခံပညာကိုအသုံးပြုသူဖြစ်ပြီး တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေခဲ့ခြင်းမရှိချေ။ ဤသို့လူတစ်ယောက်ဖြစ်သည့် သူ့အတွက် စစ်မြေပြင်တွင် လူသတ်ရမည်မှာ အရမ်းခဲယဥ်းသည့် တာဝန်တစ်ခုအသွင်။ သူ့ဘဝ၏ ပထမဆုံးအကြိမ်ဖြစ် လက်တွင်သွေးစွန်းရမည့်အချိန်မှာ အရမ်းစောလွန်းသေးသည်။ ၁၅ နှစ်ဆိုသည့်အရွယ်မှာ အရွယ်ရောက်စ ၊ ကြီးပြင်းစပြုနေသော စိတ်အရမ်းနုနယ်သေးသည့်အရွယ်။ ထိုကြီးပြင်းစပြုနေသော လူငယ်လေးအတွက်တော့ ထိုအချိန်တွင်ကြုံတွေ့ရနိုင်သည့် အဖြစ်အပျက်များမှာ ဘဝ၏ဆေးတစ်ခွက်ဖြစ်သွားနိုင်သလို နှုတ်မရသည့်ဆူးတစ်ချောင်းလည်းဖြစ်သွားနိုင်သည်။ ဝမ်ရိအတွက်တော့ ထိုအခိုက်အတန့်များမှာ ဆူးဒဏ်ရာများပြည့်နှက်ခဲ့သည်ဟုဆိုရမလို။

ပထမဆုံး လက်တွင်သွေးစွန်းခဲ့ခြင်း ၊ သူ၏ဓါးသွားများမှ တစ်စက်ချင်းကျနေသည့် သွေးစက်များကနှင်းပြင်ဖွေးဖွေးပေါ်တွင် အရောင်ခြယ်နေသည့်အလား ၊ သူ၏ခြေရင်းတွင် သူ၏လက်နှင့်အဆုံးသတ်ပေးခဲ့ရသော ဘဝပေါင်းများစွာညွှတ်တွားလျက်။ ပထမဆုံးတွေ့ဖူး ၊ ရောက်ဖူးခဲ့သည့် စစ်မြေတလင်းမှ သူ၏ခြေရာများမှာ သွေးတို့ဖြင့် ရောယှက်နေခဲ့သည်။ ဝမ်ရိ၏ မမှတ်မိချင်ဆုံးသော အချိန်ကာလဟုပင် ဆိုနိုင်ခဲ့သည်။

ဝမ်ကျင်းသည် စစ်သုံ့ပန်းများကို ခေါ်ဆောင်ကာ စခန်းချရာနေရာသို့ပြန်သွားလေသည်။ ဝမ်ရိက ဝမ်ကျင်းနှင့် စခန်းသို့ပြန်မလိုက်ဘဲ စစ်ဖြစ်ခဲ့သည့်မြို့တွင်းတွင် ကျန်ရစ်နေခဲ့သည်။ ဝမ်ရိသည် အိမ်ရှေ့စံတို့၏ တပ်များထွက်သွားသည်နှင့်တစ်ပြိုင်နက်လက်တွင်ပေကျံနေသော သွေးစများကို ရေဖြင့် ခပ်ကြမ်းကြမ်းဖိဆေးသည်။ ရေပြင်ပေါ်တွင် ပုံရိပ်ထင်နေသော သူ၏မျက်နှာတွင်လည်း သွေးစများစွန်းလျက်။ ထိုအခြင်းအရာကိုမြင်သောဝမ်ရိသည် သူ၏မျက်နှာကိုပါ ရေဖြင့် ခပ်ကြမ်းကြမ်းသစ်ပစ်လိုက်လေသည်။ အလွန်အေးသောရာသီဥတုကြောင့်လား ၊ ကြောက်ရွံ့ခြင်းအရှိန်ကြောင့်လား ၊ ရွံရှာမှုကြောင့်လားမသိ ဝမ်ရိ၏ အသားများမှာ တဆတ်ဆတ်တုန်လျက်။ ထိုအချိန်တွင် ကြားလိုက်ရသော ပုလွေသံသဲ့သဲ့က ရင်ထဲနွေးထွေးသွားစေခဲ့သည်။ ထိုပုလွေသံလားရာဘက်သို့ ခြေလှမ်းများဦးတည်ခဲ့ရာ ထိုပုလွေသံ၏ ပိုင်ရှင်ကို ကလေးငယ်များဝိုင်းလျက်ရှိနေကြသည်ကိုတွေ့ရသည်။ ထိုကလေးများမှာ စစ်အတွင်းသေဆုံးသွားခဲ့၍ မိဘမရှိတော့သည့် မိဘမဲ့ကလေးများသာ။ ထိုကလေးများ၏ ဝမ်းနည်းပူဆွေးမှုများကို ဖြေလျှော့ပေးရန် ရည်ရွယ်၍ ထိုသူကပုလွေမှုတ်ပြနေခြင်းပင်။ ပုလွေမှုတ်နေသူသည် ဝါးခမောက်ကိုဆောင်းထား၍ မျက်နှာကိုသေချာမမြင်ရ ၊ ယောက်ျားလေးလား မိန်းကလေးလားတောင်မသဲကွဲ။ ထိုသူမှာ ပုလွေမှုတ်လျက်ပင် ကလေးတစ်ယောက်ကို ဂုတ်ပေါ်တင်ထားသေးသည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသော ဝမ်ရိအတွက်တော့ စိတ်တည်ငြိမ်သွားခဲ့သည်သာမက ဖိအားတစ်ခုပါစိတ်ထဲတွင်ပေါ်ပေါက်လာခဲ့သည်။ ထိုဖိအားမှာ..........

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now