Chapter 28

466 17 0
                                    

(Unicode)

ဝမ်ရိမှ အိမ်ရှေ့စံဝမ်ကျင်းကို ချုပ်နှောင်ခံထားရာမှ လွတ်အောင်လုပ်ပေးပြီးနောက် ရှောင်ကျန့်ရှိရာသို့အပြေးပြန်လာခဲ့သည်။ ရွှမ်းယွမ်း သည်အသက်ကိုပေး၍ခါပင် စောင့်ရှောက်နိုင်သော သစ္စာရှိအမှုထမ်းဖြစ်နေသော်လည်း ဝမ်ရိမှာတော့ သူကိုယ်တိုင်မှသာစိတ်ချနိုင်မည်ထင်၏။

"ရွှမ်းယွမ်....ရှောင်မင်းသားကို ဘေးကင်းရာအရင်ပို့လိုက်ရအောင်။ ငါတွဲလာမှာမလို့ မင်းရှေ့ကကာပေးထား"

"အမိန့်အတိုင်းပါ အရှင့်သား"

ရွှမ်းယွမ်သည် လက်ရုံးရည်တွင်တော့ ညံသည်မဟုတ်။ ရန်အန်း တွင်အကောင်းဆုံးဓါးသမားများနှင့်ပင်ယှဥ်နိုင်သည်။

ရှောင်ကျန့်ကိုဆွဲထူလိုက်သောဝမ်ရိ သည် ရှောင်ကျန့်ခါးမှနေ၍ သိုင်းဖက်လိုက်လေသည်။ ရှောင်ကျန့်၏ လက်တစ်ဖက်မှာ ဝမ်ရိ၏လည်ဂုတ်သို့သိုင်းဖက်လျက်။ ဝမ်ရိမှာ သူ့စိတ်အတိုင်းသာဆိုလျှင် ရှောင်ကျန့်ကိုပွေ့ချီပြီးသွားလိုက်ချင်သည်။ သို့ရာတွင် အခုနေရာမှာ စစ်မြေပြင် ၊ တစ်ခုခုဖြစ်လာလျှင်ပြန်ခုခံရမည်ကိုး။ ချီလျက်အနေအထားနှင့်က ၂ ယောက်လုံးကို ကာကွယ်နိုင်မည်မဟုတ်။ သို့ကြောင့်ပင် ထူပြီးသာ ခေါ်လာရသည်။

အတားအဆီးမှန်သမျှကို ရွှမ်းယွမ်ကဒိုင်ခံ၍ ဖျက်ပေးနေသည်။ တစ်ဖက်တွင်လည်း အိမ်ရှေ့စံဝမ်ရိတို့က ပြန်လှန်တိုက်ခိုက်နေသည်။ အစောပိုင်းတစ်ချီချထားရ၍ အားတော့သိပ်မပါပေ။ ရှောင်ကျန့်ကိုတွဲလျကက် ဘေးကင်းရာနေရာဆီသို့အမြန်သွားနေသော ဝမ်ရိ၏စိတ်များမှာဘာကြောင့်မှန်းမသိ လေးလံနေသည်။ ခြေထောက်များမှာလည်း လေးလံစွာ တရွေ့ရွေ့။ စိတ်ထဲမှလောနေ၍လားတော့မသိ။ ထိုသို့သူ၏ စိတ်နှင့် ခြေထောက်များလေးလံနေသည်ကို ဝမ်ရိတကယ်မကြိုက်လှချေ။ စိတ်ထင့်နေသဖြင့် မြန်နိုင်သလောက်မြန်မြန်သွားနေသော်လည်း သူစိတ်ထင့်နေသည်က အသက်ဝင်လာခဲ့လေသည်။

တစ်ဖက်တွင် ကြေးစားများနှင့်ပြိုင်တိုက်နေသော ကျောက်ယွမ်သည် ရုတ်တရက်ဝမ်ရိကို အော်လိုက်လေသည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now