Chapter 20

503 19 0
                                    

(Unicode)

အချိန် ၂ ရက်တာကာလကျော်လွန်သွားခဲ့ပြီး ရောက်ရှိနေသည့်အချိန်မှာ အကြပ်အတည်းကာလပင်။စစ်ဖြစ်မည်ဟု နောက်ပြောင်သည်လား တကယ်လားမသိသော စာတစ်စောင်ရောက်လာပြီးထဲက ရန်အန်းတွင်ပွက်လောရိုက်ခဲ့သည်။ အခုလည်း ဘယ်အချိန်ရောက်လာမယ်မှန်းမသိသော စစ်ဆိုသည့်အရာကို ဇွဲကြီးကြီးနှင့်ပင်စောင့်နေကြသည်။ ကလေးများနှင့်အမျိုးသမီးများကိုတော့ ဘေးကင်းရာသို့ကြိုတင်ပို့ထားကြလေသည်။ အမျိုးသမီးစစ်သည်များကတော့ ထိုပုန်းရှောင်နေသူများကို ကာကွယ်ရန်တာဝန်ကျသည်။

မနက်လင်းပြီဆိုကတည်းက မြို့စောင့်ခံတပ်ပေါ်တွင် ရှောင်ကျန့်ရှိနေလေပြီ။ သူ၏လက်အောက်ငယ်သား တပ်သားအစောင့်များကိုလည်း ဖုန်ထ တာကအစတွေ့ရင်ပြောဖို့မှာထားသည်အထိ သတိကြီးကြီးရှိနေသည်။ အစောင့်များ တစ်ယောက်ပြီးတစ်ယောက်သာ တာဝန်ပြောင်းသွားသည် ၊ အမောင်ရှောင်ကျန့်ခမျာတော့ တာဝန်မလဲနိုင်သေးချေ။ မြို့စောင့်တပ်စစ်သူကြီးဖြစ်သည်မှမကြာသေး အခုလိုကိစ္စတွေပါဖြစ်လာလေတော့ သူ့မယ်ရင်တမမနှင့်သာ။ ဒီတိုင်းတောင် စိတ်မချဖြစ်နေရပါသည်ဆိုမှ မိုးမင်းကလည်း ကျီစယ်လိုက်တာ ၊ တဖြောက်ဖြောက်နှင့်သာ။ နေ့တာတော့အတော်ရှည်နေလေပြီ အချိန်အကြာကြီးကုန်ဆုံးပြီးသည်တောင်မှ နေစောင်းရုံရှိသေးသည်။ တစ်ဖက်ရန်သူ၏အစီအစဥ်ကိုမသိသော ရှောင်ကျန့်နှင့်ရန်အန်း တပ်သားများမှာ နေ့တာရှည်ရှည်တွင်ပင် အင်အားတော်တော်စိုက်ထုတ်ပြီးနှင့်လေပြီ။

××××××××××××××××××××××××××××××××××××

"လူကြီးမင်း အကုန်အသင့်ဖြစ်နေကြပါပြီ။ သန်းခေါင်ရောက်ပြီဆိုတာနဲ့တိုက်ရုံပါဘဲ"

"ကောင်းပြီ။ မနက်ဖြန်လောက်ဆို ရန်အန်းက ငါတို့အပိုင်ဖြစ်ပြီ။ ပြင်ပတပ်တော်တွေဆီကလည်း သတင်းရလား"

"ဟုတ်....လူကြီးမင်းတို့အကူအညီလိုတာနဲ့ တစ်ခါတည်းဝင်လို့ရအောင် အသင့်စောင့်နေတယ်လို့ ဆိုပါတယ်"

"ဟားဟားဟားဟားဟား........ အားရစရာကွာ ၊ သန်းခေါင်ယံကို ကွက်တိရောက်ပြီဆိုတာနဲ့ တန်းထွက်မယ် ဒီလိုကိစ္စမျိုးကို တစ်စက္ကန့်တောင်စောင်မနေချင်ဘူး"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now