Chapter 31

449 16 0
                                    

(Unicode)

"ကျန့်ကော ဘယ်ရောက်သွားတာလဲ...၊ ရွှမ်းယွမ်ရော ကျောက်ယွမ်ရောမရှိတော့ဘူး။ တောက်စ်....တစ်ခုခုဖြစ်နေတာလားမသိဘူး"

ဝမ်ရိစိတ်ထဲတွင် တနုံ့နုံ့နှင့် တွေးရင်။ သူအခုလုပ်ရမည်ကဘာလဲ။ လုကျိန်းကိုဘဲ လိုက်ဖမ်းရတော့မှာလား ၊ ရှောင်ကျန့်ကိုဘဲ လိုက်ရှာရတော့မှာလား။ အစားလိုက်ရှာခိုင်းဖို့ လက်ရုံးကိုရှာပြန်တော့လည်း ရွှမ်းယွမ်ရော ကျောက်ယွမ်ရော မရှိတော့။ ဝမ်ရိ ခေါင်းထဲတွင် အတွေးပေါင်းများစွာ ရှုပ်ယှက်ခတ်လျက်။

"ဝမ်ရိ...ကောင်လေး။ အဲ့နားတင် ငိုင်မနေနဲ့ တစ်ခုခုလုပ်မှာဖြင့်လည်း လုပ်လိုက် ၊ ၂ ခုထဲက တစ်ခုရွေးလိုက် မင်းမရွေးတာ ငါလုပ်မှာဘဲ"

အခြေအေနကိုအကဲခတ်မိသည့် ဝမ်ဟွားလျန်က လှမ်းသတိပေးသည်။ ဝမ်ရိလည်း ထိုအခါမှ သတိဝင်ခါ ခပ်မြန်မြန်ပင်......

"အစ်မတော် အဲဒါဆိုရင် ရှောင်မင်းသားတို့ကို တစ်ချက်လောက်ရှာပေးပါ။ ကျွန်တော် လုကျိန်းနောက်ကို လိုက်ဖို့တခြား ဂူပေါက်ကိုလိုက်ရှာလိုက်ပါဦးမယ်"

ထိုသို့ လှမ်းပြောလျက် နန်းဆောင်၏ တခြားတစ်နေရာသို့ သွားမည်ဟု ပြေးသွားစဥ် ဝမ်ဟွားလျန်၏ ထပ်အော်လိုက်သံကိုကြားလိုက်ရသည်။

"ဝမ်ရိ......မင်းရှာနေတာ ၂ ခုလုံးတွေ့ပြီထင်တာဘဲ"

"အာ......"

ဝမ်ရိတစ်ယောက် ဟိုပြေးလိုက်ဒီပြေးလိုက်နှင့်ပင်။ အခု​တော့ ဝမ်ဟွားလျန် နားသို့အပြေးရောက်သွားပြန်ရော။

ဝမ်ဟွားလျန်သည် သူမ၏အနားသို့ ဝမ်ရိရောက်လာတာနှင့် မေးငေါ့ကာနေရာ တစ်ခုကိုညွှန်ပြရင်း ပြောသည်။

"ဟိုမှာ တစ်ချက်ကြည့်......"

ဝမ်ရိလည်း ဝမ်ဟွားလျန်ညွှန်ရာကို တစ်ချက်ကြည့်လိုက်ရာ သူမညွှန်ပြသည်မှာ ခုဏက လုကျိန်းထွက်ပြေးသွားသည့် ဂူပေါက်ရှိရာ လူအုပ်ဆီကိုသာ။ သို့ရာတွင် ထိုဒိုင်းကာသဖွယ် လူအုပ်မှာ တစ်မျိုးထူးဆန်းနေသည်။ ပုံမှန်အတိုင်းဆဆိုလျှင် ထိုလူအုပ်လိုက်ကြီးသည် ဝမ်ရိတို့တိုက်နေရာ ရန်သူဘက်သို့မျက်နှာ မူလျက် ဂူတွင်းပေါက်ကို နောက်ကျောပေးထားသောအနေအထား။ သို့သော် ယခုအခါတွင်မူ ထိုလူအုပ်မှာ ဂူပေါက်ကို မျက်နှာမူလျက်အနေအထားနှင့်ပင် တိုက်ခိုက်ရာရန်သူတို့ဘက်သို့ နောက်ပြန်ဆုတ်လာလေသည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now