Chapter 16

523 19 0
                                    

(Unicode)

မြို့တော်၏ အခမ်းနားဆုံးပွဲတော်တစ်ခုဖြစ်သည့် ဆောင်းဦးရာသီပွဲတော်မှာစတင်ခဲ့လေပြီ။ မိုးရာသီအပြီး မိုးလေကင်းလွတ်သော ရာသီဥတု ၊ ဆောင်းဝင်စအကူးအပြောင်းဖြစ်သည့် ချမ်းစိမ့်စိမ့်ရာသီဥတုသည် ပြည်သူများအတွက် အထူးတလည်ကျင်းပသည့် မီးပုံးပွဲတော် အချိန်အခါသာ။ ရန်အန်း၏ အကြီးဆုံးပွဲတော်တစ်ခုဟုဆိုလျှင်လည်းမမှားပေ။ အနယ်နယ်အရပ်ရပ်တွင်ရှိကြသည့် ကလေးလူကြီးမရွေးဆင်နွှဲကြသည်။ အထူးတလည်မဆင်နွှဲနိုင်တောင်မှ မီးပုံးတစ်လုံးကိုတော့ လွှတ်ဖြစ်အောင်လွှတ်ကြသည်။ ညနေပိုင်းတွင်အစည်ကားဆုံးဖြစ်ပြီး မီးပုံးများကြောင့် တစ်မြို့လုံးလင်းထိန်နေတတ်သည်။

××××××××××××××××××××××××××××××××××××

"ကျန့်အော် မယ်တော်နဲ့ ဦးရီးတော်ကိုနှုတ်ခွန်းဆက်ပါတယ်"

မနက်ခင်းပိုင်းနှုတ်ဆက်ရန် ရှောင်ကျန့် မိဖုရားခေါင်ကြီးအဆောင်တော်သို့ရောက်နေလေသည်။ ဝမ်ရိတော့မပါ ၊ အလုပ်ကိစ္စရှိ၍ မလာနိုင်ခြင်းဖြစ်သည်ဟုဆိုသည်။ ရှောင်ကျန့်နှုတ်ဆက်ဖို့သွားချိန်တွင်ပင် ဦးရီးတော်လုကျိန်းသည်လည်း သူ၏အစ်မတော်ကို နှုတ်ဆက်ရန် ရောက်နေခြင်းပင်။ သို့ဖြစ်၍ ရှောင်ကျန့်လည်း နှစ်ယောက်လုံးကို နှုတ်ဆက်လိုက်ခြင်းပင်။

"မင်္ဂလာမနက်ခင်းပါ ကျန့်အော်။ ရိအော်မပါဘူးလား"

"ဟုတ်ကဲ့မယ်တော် ၊ သူမနေ့ကတည်းက နယ်စပ်ကိစ္စတွေနဲ့အလုပ်ရှုပ်နေလို့ မလိုက်လာဖြစ်တာပါ။ ဦးရီးတော်ပါ ရောက်နေမယ်မှန်းသိရင် ခေါ်လာခဲ့မိမှာပါ"

"ရပါတယ် ရှောင်မင်းသား။ ကျွန်တော်လည်း နှုတ်ဆက်ဖို့လာတာ မရည်ရွယ်မိပါဘူး"

"ဦးရီးတော် အဆင်ပြေသလို ခေါ်ပြောပါ။ ယဥ်ကျေးနေစရာမလိုပါဘူး။ ကျွန်တော်က တစ်ခြားနိုင်ငံရဲ့မင်းသားဖြစ်ပေမယ့် အခုက ဦးရီးတော် တူရဲ့ကြင်ယာတော်ပါ"

သူ့ကိုရိုကျိုးစွာပြောနေသော လုကျိန်းကို ရှောင်ကျန့်ကသက်တောင့်သက်သာ ပြောရန် ဆိုလိုက်သည်။ ထို့နောက် နှုတ်ဆက်ပြီး၍ ထပြန်မယ်လုပ်သည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now