Chapter 39

500 15 2
                                    

(Unicode)

နောက် ၃ ရက်ခန့်ကြာပြီး မနက်ပိုင်း ရှင်ဘုရင်ဝမ်ကျစ်၏ နန်းဆောင်၌.......

"သားတော်ဝမ်ရိ ခမည်းတော်နဲ့မယ်တော်ကို ဂါရဝပြုပါတယ်"

"ကျွန်တော် ရှောင်ကျန့် မင်းကြီးနဲ့ မိဖုရားခေါင်မယ်မယ်တို့ကို ဂါရဝပြုပါတယ်"

မနက်ခင်းပိုင်း ဂါရဝပြုဖို့သွားခြင်းဖြစ်သည်။ စစ်ဖြစ်သွားတာကတစ်ကြောင်း ဒီကြားထဲအလုပ်ရှုပ်နေတာတွေနဲ့ ဂါရဝပြုမသွားဖြစ်သည်ကကြာပြီကိုး။ 

"နှစ်ယောက်လုံး ထကြပါ"

"ကျေးဇူးတင်ပါတယ် ခမည်းတော်"

"ဂါရဝလာမပြုတာတောင်ကြာပြီ။ ဘယ်နှယ့်လဲ နှစ်ယောက်လုံး ကျန်းမာကြတယ်မလား"

"ဟုတ်ကဲ့ ၊ ကျေးဇူးတော်ကြောင့်ကျန်းမာပါတယ်"

"ဒီမှာငါတို့ဘဲရှိတာ သက်တောင့်သက်သာပြောလို့ရပါတယ်"

"ဟုတ်"

"ဆိုပါဦး။ ဒီလိုမျိုးတကူးတက ရောက်လာတယ်ဆိုကတည်းက တစ်ခုခုတောင်းဆိုချင်တာတော့ရှိတယ်မလား"

"မရှိ......"
"ရှိပါတယ် ခမည်းတော်"

ရှောင်ကျန့်မှ ငြင်းမယ်ကြံတုန်း ဝမ်ရိမှ ရှိတယ်ဟုစကားစလိုက်လေသည်။

"အယ်....ငါတို့မှာတောင်းဆိုစရာရှိတယ်လား"

ဝမ်ရိကိုတိုတိုးလေးမေးလိုက်သည်။ ဝမ်ရိကဘာမှပြန်မပြော ခေါင်းညိတ်ပြရင်း သူတောင်းဆိုစရာရှိသည်ကို ဆက်ပြောလိုက်လေသည်။

"ခမည်းတော်......ကျွန်တော့်ကို အိမ်ရှေ့စံအဖြစ်ခန့်အပ်မယ်ဆိုရင် ရှောင်မင်းသားကိုပါ အိမ်ရှေ့စံအဖြစ်ခန့်အပ်ပေးပါ"

"ဟေ....ဒါကတော့မဖြစ်ဘူးလေ။ ရှောင်မင်းသားက တိုင်းတစ်ပါးသား။ တိုင်းတစ်ပါးသားကို အိမ်ရှေ့စံပေးရိုးထုံးစံ ဘယ်မှာမှမရှိဘူး။ ပြီးတော့ ကောင်းကင်မှာ နေနှစ်စင်းပြိုင်နေတယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စဘဲ"

"ဟုတ်တယ် ဝမ်ရိပေါ် ငါတကယ်ဘာမှမလိုဘူး"

"ကျန့်ကောခဏလေး ကျွန်တော်ဒီဟာကိုတော့ မရရအောင်လုပ်ရလိမ့်မယ်"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now