Chapter 2

1.3K 56 1
                                    

(Unicode)

"ဟွား" တိုင်းပြည်။ ၃ ပြည်ထောင်တွင် အသေးငယ်ဆုံးတိုင်းပြည်။ ကိုရီးယား ဘာသာစကားနှင့်အနည်းငယ်ဆင်တူသောဘာသာစကားကိုအသုံးပြုသော ကိုရီးယားအနွယ်အစွယ်အပွားတိုင်းပြည်။ ရှေးအခါ ဟွား တိုင်းပြည်ကိုစတင်တည်ထောင်ခဲ့သူများမှာ ကိုရီးယား လူမျိုးများဖြစ်သည်ဟုပင် အဆိုရှိခဲ့သည်။ ကုန်သွယ်ရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပြုသောတိုင်းပြည်။ ထိုတိုင်းပြည်ရဲ့အထူးခြားဆုံး အရာကတော့ ဘုရင် "ရှောင်ဝူကျိ" ရဲ့ဒုတိယမြောက်သွေးသားပင်။ မွေးကတည်းက တိုင်းသူပြည်သားတွေရော နန်းတွင်းအမှုထမ်းတွေပါမကျန် ထို ဒုတိယမြောက်ကလေးသည်အမည်မသိရ။ မင်းသားပေလော ၊ မင်းသမီးပေလော သိသူမရှိ၊ ရုပ်အဆင်းကို မြင်ဖူးရန်မှာဝေး။ ရှောင်ဝူကျိ တွင်ထွန်းကားခဲ့သည့် သွေးသားမှာ နှစ်ယောက်ထဲပင်။ ပထမ သွေးသားမှာကား လက်ရှိသားတော်အိမ်ရှေ့စံ "ရှောင်ယွီ"။ ဒုတိယသွေးသား၏ အဆင်းအမှန်ကို သိသည်မှာ ရှောင်ဝူကျစ် ၊ မိဖုရားခေါင်ကြီး ၊ရှောင်ယွီနှင့် အမတ်ချုပ်ကြီးသာလျှင်။

"ခမည်းတော် မသင့်တော်ပါဘူး ။ ဒီလောက်ထိ၂၃ နှစ်ကြာကွယ်ဝှက်ထားခဲ့ပြီးပြီလေ။ သားတော်ကိုကတိပေးထားတယ်လေ"

"ရှောင်ယွီ.....ခမည်းတော် ငြင်းလို့မရလို့ပါကွယ်။ တိုင်းပြည်နှစ်ပြည်ချစ်ကြည်ရေးဆိုတာမျိုးကရှိသေးတယ်။ ငြင်းလိုက်တဲ့စကားလေးတစ်ခွန်းကြောင့် တစ်တိုင်းပြည်လုံး ဒုက္ခရောက်သွားနိုင်တယ်။"

"ဟုတ်ပါတယ် ၊ အိမ်ရှေ့စံမင်းသား ၊ ခေါင်းမမာပါနဲ့"

ဆွေးနွေးနေတဲ့အကြောင်းအရင်းအဓိကအကြောင်းအရာကတော့ ရန်အန်းပြည်မှ မင်းသား ၁၂ နှင့်လက်ဆက်ပေးရန် ကမ်းလှမ်းမှုသာ။ ကမ်းလှမ်းမှုဟု ဆိုသည်ထက် "ဟွား" ဆိုတဲ့ တိုင်းပြည်ငယ်လေးအတွက်တော့ တိုင်းပြည်ကြီးတစ်ခုမှပေးသည့်အမိန့်တော်တစ်ခုပင်။

"ခမည်းတော်......မဟုတ်ဘူး ၊ အဖေ တကယ်လက်ဆက်ပေးမှရမှာလား။ အခုထိလုပ်ခဲ့တာတွေသဲထဲရေသွန် ဖြစ်သွားမှာလေ ၊ ပြီးတော့ ကျန့်အော် နဲ့လက်ဆက်ပေးရမယ့်သူကလည်း မင်းသား ၁၂ တဲ့ ၊ ဟိုတလောကမှ သူ့မယ်တော်ကကိုယ်လုပ်တော်ဖြစ်သွားတာဟာကို"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Waar verhalen tot leven komen. Ontdek het nu