Chapter 30

461 14 0
                                    

(Unicode)

နောက်ဆုံးတိုက်ပွဲ၏အစကို ဝမ်ဟွားလျန်မှဦးဆောင်သည်။ ညီအစ်ကိုမောင်နှမများအတူစည်းလုံးစွာတိုက်ကြသောတိုက်ပွဲ ၊ ပုလ္လင်နေရာအတွက်မတွေးတော့ဘဲ တိုင်းပြည်အတွက်သာတွေး၍တိုက်သော တိုက်ပွဲ အဘယ်မှာမအောင်နိုင်ရှိပါမည်နည်း။ အောင်နိုင်မည့်ဘက်ကအသာကြီးသာနေလေပြီ။

"ဟိုကောင်လေး ကြောင်ကြည့်မနေနဲ့။ ဒီဘက်မှာလာကူ"

"ဟုတ်ကဲ့ အစ်မတော်"

ဝမ်ဟွားလျန်က အခုလေးတင်ရောက်လာသော မင်းသား ၉ ဝမ်ရှင်း ကိုလှမ်းအော်လိုက်သေးသည်။ ဝမ်ရှင်း ခင်ဗျာ ပျာပျာသလဲ လာရပြန်ရော။ ဒီကြားထဲက မင်းသား ၇ ကပါ ဝမ်ရှင်းဆွဲခေါ်သဖြင့်ပါလာခဲ့ပြန်ရော။

မင်းသား ၇ ကတော့ဘုမသိဘမသိ ခေါ်ရာပါလာရပြန်သည်။ အထဲရောက်တော့ သူ့ခင်ဗျာ ကြောင်သွားပြန်ရော။ ပုလ္လင်အနီး လုကျိန်းတို့နှင့်အတူ ရပ်နေသူမှာ သူ၏မိခင်အရင်း ကွေ့ဖေးနှင့် အဘိုးအရင်းဖြစ်သူ အတိုင်ပင်ခံအမတ်ကြီး။ ဘယ်သူကရန်သူ ၊ ဘယ်သူကမိတ်ဆွေလဲ သူမခွဲခြားနိုင်တော့ချေ။ ထိုထက်အရေးကြီးသည်က သူ့ရဲ့တစ်ဦးတည်းသော သွေးရင်းသားရင်း အကိုတော်အိမ်ရှေ့စံဟာ ဘယ်မှာလဲ။ အကိုတော်ကို မတွေ့သည်ကပင် ထူးဆန်းနေသည်တော့မဟုတ်လှ ၊ သူ၏မယ်တော် ကွေ့ဖေးမှာလည်းထူးဆန်းလျက်။ မင်းသား ၇ အခြေအနေတွေကိုမသိသေးဘဲ ကွေ့ဖေးကို အော်ခေါ်လိုက်သည်။

"မယ်တော်......မယ်တော်"

"........"

ပြန်ထူးသံမရှိ။ ကွေ့ဖေးဟာကြက်သေသေနေသလို ငြိမ်လျက်။ မျက်လုံးများမှာလည်း အသက်မရှိဟန်ဖြင့်ငေးငိုင်နေသည်။ အသက်မရှိတော့တာလားဟု ဆိုရအောင်လည်း အသက်ကပုံမှန်အတိုင်းရှူဆဲပင်။ သူမဘာဖြစ်သွားတာလဲ။ သူမကြည့်နေသည်မှာ တစ်နေရာထဲ။ နန်းဆောင်ထဲမှာ ဝင်ထွက်ရာတံခါးပေါက်တစ်ခုဆီကိုသာ ငေးငိုင်လျက်။ မင်းသား ၇ သူ၏မယ်တော်နှင် အကိုတော်ထံတွင် ဘယ်လိုကိစ္စတွေဖြစ်သွားလည်းမသိသေးပေမယ့် ကောင်းတဲ့ကိစ္စမဟုတ်မှန်းတော့ရိပ်မိလေပြီ။ ထို့အပြင်ကို လုကျိန်းနှင့် တီးတိုးပြောနေသည့် သူ၏အဘိုး။ သေချာသွားခဲ့ပြီ သူ၏အဘိုးနှင့်မယ်တော်မှာ သူ၏တစ်ခြားတစ်ဖက်တွင် ရှိနေလေပြီ။ ဒါပေမယ့် သူလိုက်ရမည့်လမ်းကဘယ်လမ်းလဲ ဝေဝါးဆဲ။ သူ့အကိုတော်ကိုအရင်ရှာရမည်ဟုတွေးကာပင် ဝမ်ဟွားလျန်ဆီသို့သွားကာမေးသည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now