Chapter 36

451 17 0
                                    

(Unicode)"အရှင့်သားတို့ အပြစ်သားလုကျိန်းကို မင်းသမီး ၂ က ညီလာခံမှာဘဲ ခေါင်းဖြတ်မိန့်နဲ့ ကွပ်မျက်လိုက်ပါပြီ"

ညီလာခံတွင်ဖြစ်ပျက်ပြီးသမျှကို ဝမ်ရိ၏လက်အောက်ငယ်သားတစ်ယောက်မှ သတင်းလာပို့ခြင်းပင်ဖြစ်သည်။

"အင်း ၊ သိပြီမလို့သွားလို့ရပြီ"

"ဟုတ်"

ကိုယ်တိုင်သတ်ချင်ပါတယ်တကဲကဲလုပ်နေတဲ့ ရှောင်ကျန့်လည်း ဝမ်ဟွားလျန်နဲ့တွေ့တော့ အလျှော့ပေးလိုက်ရလေသည်။

ထိုသတင်းပို့သူပြန်သွားပြီး သိပ်တောင်မကြာလိုက်ဘူး။ နန်းဆောင်တံခါးကိုခေါက်သူတစ်ယောက်ရှိလာခဲ့သည်။

"ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

ရှောင်ကျန့်လည်း ဝင်ခဲ့ခိုင်းလိုက်သည်။ ဝင်ခဲ့ခိုင်းပြီးခါကျမှ ဝင်လာတဲ့သူကို မြင်လေရော ရှောင်ကျန့်တစတစ်ယောက် လှုပ်လှုပ်ရှားရှားနှင့် နေရာမရဖြစ်သွားလေပြီ။ ထို့နောက် စပ်ဖြဲဖြဲလေး ပြုံးကာ......

"အ အကိုတော်"

မှန်၏။ ရှောင်ကျန့်၏တစ်ယောက်တည်းသောအကို ဟွားတိုင်းပြည်၏ နှစ်ယောက်မရှိသော အိမ်ရှေ့စံအရှင့်သား ရှောင်ယွင်ရှစ်။ အဖေလည်းတူသလို အမေလည်းတူသည်။ ဟွားတိုင်းပြည်၏ဘုရင်နှင့်မိဖုရားခေါင်ကြီးတို့၏ သားတော်အကြီးဆုံးဖြစ်သည်။

ရှောင်ကျန့်တစ်ယောက်တော့နားပူလေတော့မည်။ တိုက်ပွဲတွင်စစ်ကူအဖြစ်လာပေးသော သူ၏အကိုတော် ရောက်လို့ရောက်နေမှန်းတောင် မေ့နေတာကိုး။

"ကျန့်အော်........၊ မင်းကြည့်ရတာအရမ်းတွေအလုပ်ရှုပ်နေပုံဘဲ။ အကိုတစ်ယောက်လုံးရောက်နေတာတောင် သတင်းမေးဖော်မရတာ"

"ဟဲဟဲ.....မေ့နေတာဆိုတာထက် ညီတော်သတိကိုမရတာ"

"ဘာတဲ့....ဒီအကောင်းစားညီတော်က အကိုတော်ရောက်နေတာသတိတောင်မရဘူးဆိုဘဲ။ မင်းတော့လား.....လက်ဆက်ပြီးသွားတာမှမကြာသေးဘူး အိမ်ကိုတောင်မေ့နေပြီပေါ့လေ"

"အ...အား....အကိုတော် ၊ ကျွန်တော်က အခုဒီမှာလူနာနော်။ ဟောဒီမှာလက်ကိုကြည့်ဦး ၊ စုတ်ပြတ်နေတာ"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now