Chapter 12

710 38 0
                                    

( Unicode)

မိဖုရားကြီး၏ နန်းတော်ကအပြန် ဝမ်ရိနဲ့ရှောင်ကျန့် ကွေ့ဖေးနှင့် တည့်တည့်တိုးတော့သည်။ ရှောင်ကျန့်ကလည်း ကွေ့ဖေးကို နှုတ်ဆက်ပြီး ခနဲ့လိုက်သည်။

"ကွေ့ဖေးမယ်မယ် ကိုနှုတ်ဆက်ပါတယ်။ ကျွန်တော့်မယ် စိတ်မကောင်းဖြစ်နေတာ ၊ ကွေ့ဖေးမယ်မယ်ကို မိဖုရားကြီးလို့ မခေါ်လိုက်ရလို့"

"မပူပါနဲ့။ နောက်ခေါ်ရမှာပါ ၊ အခုမှအစဘဲရှိသေးတာ"

"ကျွန်တော်တော့မထင်ပါဘူး။ အခုကြားထဲ ခဏတာ လစ်လပ်နေတာတောင်မှ ဖြစ်ခွင့်မရလိုက်တာ။ ပိုင်ရှင်ရှိနေရင် ပိုခက်မှာပေါ့ ၊ မဟုတ်ဘူးလား"

"မင်း....မင်း..."

"အားယိုး.....ကွေ့ဖေးမယ်မယ် စိတ်ဆိုးသွားတာလား။ စိတ်မရှိပါနဲ့။ မရည်ရွယ်လိုက်ပါဘူး ၊ အမှန်တွေပြောမိသွားပြီ။ အဲဒါဆို ကျန့်အော် သွားပါတော့မယ် နှုတ်ဆက်ပါတယ်"

ရှောင်ကျန့် မကြောက်မလန့်ပင် ကွေ့ဖေးကိုပြောသည်။ ပြောချင်ရာပြောပြီးနောက်တွင်မူ ဝမ်ရိလက်ကိုဆွဲကာ ထထွက်သွားလေသည်။ ဒါပေမယ့် ရုတ်တရက် တားလိုက်သည့် ဝမ်ရိ။

" ကျန့်ကော ဒီနားမှာ ခဏစောင့်ဦး ၊ လုပ်စရာတစ်ခုကျန်နေသေးလို့"

"အင်း ၊ ဖြည်းဖြည်းသွား"

ဝမ်ရိ နောက်ကြောင်းပြန်လှည့်ကာ ခြေလှမ်းတို့ဦးတည်ရာက ကွေ့ဖေးဆီကို။ ရုတ်တရက် ကွေ့ဖေးရှေ့၌ ရပ်ပြီးပြောလိုက်သည်။

"ကွေ့ဖေးမယ်မယ် ၊ ကျွန်တော် အရေးတကြီးပြောစရာရှိလို့ပါ"

"ဘာပြောဦးမလို့လဲ"

ဝမ်ရိတစ်ချက်ပြုံးလိုက်ကာ ကွေ့ဖေး၏ နားဆီသို့ ကပ်လျက် တီးတိုးပြောလိုက်သည်။

"ကျွန်တော့်ကိုမသိဘူးထင်နေရင်တော့မှားသွားမယ်။ ကွေ့ဖေးမယ်မယ် ပြိုင်ပွဲနေ့ကဘာလုပ်ထားလဲအကုန်သိတယ်။ မပြောချင်လို့မပြောတာတစ်ခုဘဲ။ နောက် ကျွန်တော့် မိသားစုကိုထိရင် ပြောမရဘူး ကျွန်တော်ဘာလုပ်မိမယ်မှန်း ၊ ဒါကြောင့် ကွေ့ဖေးမယ်မယ်ရဲ့ အပြုအမူလေးတွေကို နည်းနည်းဆင်ခြင်ပေးပါ"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Donde viven las historias. Descúbrelo ahora