Chapter 26

459 14 0
                                    

(Unicode)

၂ ဖက်လုံးမှ အကြိတ်အနယ်တိုက်ခိုက်နေကြသည်။ ဒီတစ်ခါတော့ရှောင်ကျန့်တို့ လက်ရုံးကျသွားခဲ့လေပြီ။ အကြာကြီးတိုက်ထားရ၍ ပင်ပန်းနေသည်ကတစ်ကြောင်း ၊ ရင်ဆိုင်နေရသောရန်သူမှာ အင်အားလုံးဝမမျှနိုင်သည်ကတစ်ကြောင်း စသဖြင့် အားအင်ကုန်ခမ်းနေခဲ့လေပြီ။ ရှောင်ကျန့် ၊ အိမ်ရှေ့စံဝမ်ကျင်း နှင့်တခြားမင်းသားတို့မှာ တောင့်ခံနေဆဲ။ လက်အောက်ငယ်သား စစ်သည်တို့မှာ ထပ်တောင့်မခံနိုင်တော့ဘူးထင်ရဲ့။ အထူးဖွဲ့စည်းထားသော ကိုယ်ရံတော်တပ်မှစစ်သည်များသည်ပင် အထိနာနေလေပြီ။ ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူများမှာ မိနစ်ပိုင်းအတွင်းတွင် မြင့်တက်နေပြီး ၊ ထိုအရာကပင်စစ်သည်များ၏ တက်ကြွနေသောစိတ်ဓါတ်ကို ကြောက်စိတ်များဖြင့်ဖုန်းကွယ်လိုက်လေသည်။ ရှောင်ကျန့်ကတော့ ရသလောက်အားနှင့်တောင့်ခံကာ ကြေးစားများနှင့်အပြိုင်တိုက်ခိုက်နေရာမှ သူတစ်ချက်သတိလွတ်သွားသည့်အချိန်တွင် တစ်ဖက်ရန်သူမှဓါးချက်သည် သူ၏ ဘယ်ဘက်လက်မောင်းဆီသို့ သက်ဆင်းသွားခဲ့လေသည်။ အပေါ်ယံကြောကိုသာ ထိသွားသော်လည်း သွေးများက လျှံထွက်လျက်။ အခြေအနေကိုစောင့်ကြည့်နေသော ဝမ်ရိတစ်ယောက် ၊ မျက်စိပျက် မျက်နှာပျက်ဖြစ်ခါ ရင်ထဲတွင်ဗလောင်ဆူနေလေပြီ။ စိတ်ပူလွန်း၍ ဆင်းလာမည်လုပ်တိုင်း ရှောင်ကျန့်ကအမူအရာနဲ့ဟန့်လိုက်ပြန်ရင် သူ့ခင်ဗျာ မလှုပ်ရဲပြန်။ အရင်ကရှောင်ကျန့်ကိုဟန့်နေရသည်မှာ ဝမ်ရိ ၊ အခုတော့အရင်နှင့်ပြောင်းပြန်ဖြစ်လို့နေလေသည်။ ရှောင်ကျန့်ဒဏ်ရာကို လက်နှင့်အသာအုပ်လျက် သူ၏ဝတ်စုံမှ အဝတ်စကိုဆွဲဖြဲက ထိုအစပိုင်းနှင့် ဒဏ်ရာကို ဖိပြီးစည်းထားလိုက်လေသည်။ ရှောင်ကျန့်ဒဏ်ရာကို ပတ်တီးစည်းနေချိန် အိမ်ရှေ့စံဝမ်ကျင်းက ကာ၍ တိုက်ခိုက်ပေးသည်။ ရှောင်ကျန့် အနာကိုစည်းပြီးသည်နှယ် တစ်ပြန်ထ၌ တိုက်ပြန်သည်။ သူ့တစ်လှည့် ကိုယ့်တစ်လှည့်နှင့် အတော်အထိနာနေလေပြီ။

ရှောင်ကျန့်ခေါင်းမာသည်ကတော့လွန်သည်။ အမှန်အတိုင်းဆို ဝမ်ရိတို့ကိုဆင်းလာခိုင်းပြီးကူခိုင်းလျှင်ရသည်။ ဒါပေမယ့် မကူခိုင်းရုံတင်မကသေး ကျန်အားနည်းနေသည့်စစ်သည်တွေအတွက်ပါ ခေါင်းခံပြီးကာတိုက်ပေးနေသေးသည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now