Chapter 38

498 15 0
                                    

(Unicode)

"အိမ်ရှေ့စံအရှင့်သား ဖြစ်သွားသည့်အတွက် အရှင့်​သားကို ဂုဏ်ပြုပါတယ်"

ကျောက်ယွမ်နှင့် ရွှမ်းယွမ်းတို့မှ အိမ်တော်ရှေ့မှဆီး၍ ကြိုဆိုကြလေသည်။

"မင်းတို့ကပါအဲ့လိုမလုပ်ကြပါနဲ့"

ဝမ်ရိမှမသက်မသာဖြစ်ဟန်နှင့်ပြောသည်။ နောက်ကပါလာတဲ့ရှောင်ကျန့်က ဝမ်ရိနည်းနည်းဝန်လေးနေတာတွေ့တော့ စိတ်လေးအနည်းငယ်လောက်ပြေလို့ပြေညား စနောက်ဖို့လုပ်လေသည်။

"ဝမ်ရိပေါ် ငါစဥ်းစားနေတာ ၊ မင်းသာအိမ်ရှေ့စံဖြစ်ရင် ငါကဘာဖြစ်မှာလဲ"

"အဲဒါကတော့ အိမ်ရှေ့စံကြင်ယာတော်ပေါ့"

"မဟုတ်ဘူးလေ အဲဒါကကျနည်းနည်းတစ်မျိုးဘဲ။ ရှိတယ်မလား အိမ်ရှေ့စံကြင်ယာတော်ဆို ပုံမှန်အားဖြင့် အိမ်ရှေ့စံမယ်မယ်တို့ အိမ်ရှေ့စံမင်းသမီးတို့ခေါ်တာလေ။ ငါ့ကျ ကိုးလို့ကန့်လန့်ကြီး အိမ်ရှေ့စံမယ်မယ်လို့ခေါ်ရအောင်ကျလည်း ငါကအထီးကြီးကွ"

"ဟား..ဟား........"

နောက်ဆုံးတော့စိတ်မသက်မသာဖြစ်နေသည့် ဝမ်ရိတစ်ယောက် ရယ်ချလိုက်တော့လေသည်။ တိုင်းပြည်တစ်ခုလုံးကို ပုခုံးပေါ်ထမ်းထားရလည်း ဘာအရေးလဲ။ ဘေးနားမှာ နှစ်ယောက်ထပ်မရှိနိုင်တော့တဲ့ အဖော်မွန်ကောင်းကရှိနေပြီကိုး။

"အခုမှ ရယ်တော့တယ်။ မင်းစူပုတ်မနေစမ်းနဲ့ မင်းနဲ့မတူဘူး။ စိတ်အေးအေးနဲ့ပြဿနာပေါင်းစုံဖြေရှင်းလာတဲ့ဝမ်ရိက ဒီလောက်လေးနဲ့ မှိုင်နေလို့ဘယ်ရမလဲ"

"အင်းလေ အဲဒါပြောတာ"

ရှောင်ကျန့်၏စကားဆုံးရုံရှိသေးတယ် ၊ နောက်မှရင်းနှီးသော ထောက်ခံသံကိုကြားလိုက်ရလေသည်။

"အစ်မတော် ဘယ်လိုရောက်လာတာလဲ"

ဝမ်ဟွားလျန် ၊ ဝမ်ရှင်းနှင့် ဝမ်လင်တို့ရောက်လာကြခြင်းပင်။ အရင်က မာန်စွယ်တထောင်ထောင်နှင့် မင်းသား ၇ ဝမ်လင်သည် ဘယ်ကနေဘယ်လို ဝမ်ဟွားလျန်တို့နှင့်အဖွဲ့ကြသွားသည်မသိ။ အမြဲတွေ့လိုက်ရလျှင် တပူးပူးတတွဲတွဲ။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now