Chapter 7

839 38 0
                                    

(Unicode)

နန်းတွင်းပြိုင်ပွဲတစ်ခုစတင်ခဲ့လေပြီ။ နှစ်စဥ်နှစ်တိုင်း ရန်အန်းတွင် ကျင်းပလေ့ရှိသောပြိုင်ပွဲတစ်ခုဖြစ်သည်။ ၄င်းတို့၏ ဖခမည်းတော် ဘုရင် ဝမ်ကျစ်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သားသမီးဖြစ်သူ မင်းသားမင်းသမီးများက ပြုလုပ်ပေးသောပြိုင်ပွဲတစ်ခုပင်ဖြစ်သည်။ မောင်နှမများအချင်းချင်းအပြင် ၄င်းတို့၏ကြင်ယာတော်များပါဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ကဗျာရွတ်ပွဲ ၊ စကားထာဖွက်ပွဲ ၊ အမဲလိုက် ၊ ပန်းထိုး ၊ မြင်းစီး စသဖြင့် ပြိုင်ပွဲများစုံလှသည်။

"ကျန့်ကော......ဘယ်ပွဲမှာပြိုင်ဖို့ စာရင်းပေးထားလဲ"

"အင်း မြှားပစ်ပြိုင်မလို့  မင်းရော"

"ကျွန်တော်က ဓါးရေးပြပွဲ"

"ဪ တခြားရောမပြိုင်တော့ဘူးလား ၊ တခြားသူတွေက ၂ ခု ၃ ခုဝင်ပြိုင်ကြတယ်လေ"

"အင်း မပြိုင်တော့ဘူး ကျွန်တော့်အတွက်က တစ်ခုဆိုရပါပြီ။ ကျန်ကောရော..."

"ငါလည်း တစ်ခုဆိုရပြီ ၊ ပျင်းလို့ ဟဲဟဲ"

"ဪ...... ဒီနေ့ ကျန့်ကော မြိုစောင့်တပ်မှာ စလုပ်တော့မှာမလား"

"အင်း ဒီနေ့အလုပ်စဝင်ရတော့မှာ ၊ အာ........ ဝမ်ရိပေါ် ငါ့ကိုတစ်ခုကူညီဦး ပြောဖို့မေ့နေလို့"

"ဘာကိုလဲ"

"အင်း....ငါ့အခန်းကိုလာခဲ့"

ဒီလိုနဲ့ဘဲ ဝမ်ရိကို ရှောင်ကျန့် သူ့အခန်းသို့ လက်ဆွဲခေါ်သွားလေသည်။ ငြင်းတော့မငြင်းဘူး ကောက်ကောက်ပါအောင်သာလိုက်သွားသည်။ ရှောင်ကျန့်အခန်းထဲသို့ရောက်သော် ရှောင်ကျန့်က နှုတ်ခမ်းလေးနည်းနည်းစူလျက် ဆိုသည်။

"ဝမ်ရိပေါ် ငါဒီအင်္ကျီကြီးမဝတ်တတ်ဘူး"

ဝမ်ရိ ညွှန်ပြရာ အင်္ကျီကိုကြည့်လိုက်တော့ တခြားမဟုတ်။ မြို့စောင့်တပ်အရာရှိဝတ်စုံသာ။ အခုမှ ရန်အန်းကို ရောက်လာသည်မလို့ ရန်အန်းဝတ်စုံများကို မဝတ်တတ်သေးခြင်းပင် ဖြစ်သည်။

"ကျန့်ကော.....အခုမှဝတ်ဖူးတာမလား ၊ အစေခံတွေကိုဝတ်ခိုင်းတာမဟုတ်ဘူး။"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now