Chapter 18

494 19 0
                                    

(Unicode)

"ဝမ်ရိပေါ် ဒီမှာမင်းစုထားတွေများသားဘဲ"

နန်းဆောင်အတွင်းရှိပစ္စည်းများကို ညွှန်ပြကာ ရှောင်ကျန့်ဆိုသည်။

"ကျွန်တော့်ဟာက ဒီဘက်ကအဝတ်အစားတချို့ပါဘဲ။ ဟိုဘက်က တူရိယာပစ္စည်းတွေက ကျွန်တော့်ဟာမဟုတ်ဘူး"

"မင်းဟာမဟုတ်ဘူးလား"

"အင်း အရင်နန်းဆောင်ပိုင်ရှင်ဟာ ၊ ဒီနေရာကအရင်တုန်းက မင်းသမီးတစ်ပါးရဲ့နန်းဆောင်လေ။ အဘိုးတော် မင်းကြီးရဲ့ သမီး ၊ ခမည်းတော်ရဲ့ အစ်မတော်နေခဲ့တာ ဒီမှာ။ ကျွန်တော့်ရဲ့ အရီးတော် ပေါ့"

"ဪ အဲဒါကို ဘာလို့ဒီအဆောင်ကြီးကိုပစ်ထားကြတာလဲ။ မင်းသမီးရဲ့နန်းဆောင်လို့လည်းပြောသေးတယ်"

"အင်း..........အရီးတော်က အပြစ်တစ်ခုလုပ်ခဲ့မိတာလေ။ အရပ်သားနဲ့လက်ထပ်သွားတာ။ သာမာန်အမတ်ငယ်လေးရဲ့ သားတောင်မဟုတ်ဘူး ၊ ဒီတိုင်းလက်လုပ်လက်စား တစ်ယောက်နဲ့။ အဲဒါကို အဘိုးတော်မင်းကြီးက စိတ်ဆိုးပြီး ၊ မင်းသမီးအဆောင်အယောင်တွေအကုန်ဖယ် နန်းဆောင်ကိုပါမမြင်ချင်တော့ဘူးလို့မိန့်လို့ ကျွန်တော်တို့ဝင်လာတဲ့နံရံကို ဆောက်ခဲ့တာ။ ဒီနန်းဆောင်လည်းအစွန့်ပစ်ဖြစ်သွားတော့တာ ၊ ဒီထဲကတူရိယာပစ္စည်းတွေရော။ အရီးတော်ကအနုပညာကိုမြတ်နိုးတယ်။ ပန်းချီဆွဲ ၊ ဂီတတူရိယာတွေတီးရတာကိုကြိုက်တယ်"

"ဪ.....အဲဒါကြောင့်ကို ၊ မင်းအရီးတော်ကမှန်ခဲ့တာဘဲ။ ဒီအဆောင်အယောင်တွေ နန်းဆောင်တွေကပကာသနတွေ၊ သူချစ်တဲ့သူနဲ့အတူရှိရာကသာသူ့ရဲ့ပျော်ရွှင်ရာလို့သူသတ်မှတ်ခဲ့တာ။ သတ္တိရှိတယ်"

"အင်း..........ကျန့်ကော ၊ ကျန့်ကောခုဏကပြောတာလေ ကျွန်တော့်ကိုပထမဆုံးတွေ့တာ လက်ဆက်ပွဲကျမှမဟုတ်ဘူးဆို။ ဘယ်တုန်းကတွေ့လိုက်တာလဲ"

"ဟင်း....အင်း..အဟမ်း..ဟမ်း အာ.....ငါဘယ်လိုပြောရမှန်းမသိဘူး။ ဝမ်ရိပေါ် မင်းအရင်ပြော ၊ မင်းငါ့ထက်အရင်ချစ်ရတဲ့သူရှိလားဆိုတာ"

"အာ....."

"မအာနဲ့ ခုတည်းကပြောထား ငါနောက်မှသဝန်မတိုချင်ဘူး"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now