Chapter 8

759 36 0
                                    

(Unicode)

ဆံနွယ်တွေနဲ့အတူလွင့်နေသော ဖဲကြိုးနီဆွေးဆွေးနှင့် လူငယ်လေးကငေးမောစရာပင်။ မီးခိုးရောင်ကို နက်ပြာနှင့် စပ်ထားသော ဝတ်စုံကြောင့်လားပင်မသိ ၊ ၁၇ နှစ်အရွယ် လူငယ်လေးမှာ ရင့်ကျက်ပုံပေါ်နေသည်။ လေတွင်ပျံနေသည့်အလား ခြေလှမ်းများမှာပေါ့ပါးသွက်လက်လွန်းလှသည်။ လက်တွင် ဆွဲကိုင်ထားသော ဓါးရှည်မှာလည်း အသွားများက နေရောင်တွင်တလက်လက်။ လှပလှသော ဓါးသိုင်းအကွက်များမှာ စည်းဝါးလိုက်လျက် ၊ ကြည့်ရှုသူအပေါင်းမှာ ရင်သပ်ရှုမောဖွယ်အတိဖြင့်သာ။ ဝမ်ရိ သူပြသလိုသော ဓါးစွမ်းရည် များကိုပြသပြီးသော် ဦးတစ်ချက်ညွှတ်လျက် နားနေဆောင်သို့ထွက်လာခဲ့သည်။ ကျန်ခဲ့တဲ့ ပုရိသအပေါင်းကတော့ ပါးစပ်အဟောင်းသားဖြင့်သာကျန်ခဲ့လေသည်။ ပုရိတ်သတ်များအကြားမှ ဝမ်ရိ ရှိရာဆီသို့ တိုးထွက်နေသည်မှာတော့ ရှောင်ကျန့်တစ်ယောက်။ လူအများဆီမှ အားနာစကားအကြိမ်ကြိမ်ပြောရင်း ဝမ်ရိ၏ နားနေဆောင်သို့ ထွက်လာခဲ့သည်။ နားနေဆောင်တွင်တော့ ဝမ်ရိ အမောဖြေနေသည်။ နံရံကိုမှီလျက်အနေအထားနှင့် မျက်လုံးကိုမှိတ်ထားလေသည်။ ရှောင်ကြဉ် ခြေလှမ်းဖွဖွနင်းရင်း ဝမ်ရိဆီသို့သွားသည်။ ထို့နောက် လက်ကိုင်ပုဝါနှင့် ဝမ်ရိမျက်နှာပေါ်မှချွေးကို သတိထား၍ သုတ်ပေးသည်။ သုတ်ပေးရင်းနှင့် ရှောင်ကျန့် ဝမ်စိ၏ မျက်တောင်များကို သေချာစိုက်ကြည့်မိသည်။ ပါးစပ်ကလည်း တိုးတိုးလေးရေရွတ်လိုက်သေးသည်။

"ယောက်ျားလေး မျက်တောင်က ဒီလောက်လှလို့လား"

လက်နှင့်ဝမ်ရိ မျက်တောင်မွှေးကို ကိုင်ကြည့်မည်အလုပ် ဝမ်ရိ ကရှောင်ကျန့်ကိုလှမ်းဆွဲလိုက်ရင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ လူနှစ်ယောက်ရဲ့ မျက်လုံး နှစ်စုံအကြားက အကွာအဝေးက နီးကပ်လျက်။

"ကျန့်ကော မတော်လို့ ကျွန့်တော့်မျက်လုံးကို ထိုးမိသွားပြီး ကျန့်ကောမြှားပစ်တာကိုမကြည့်လိုက်ရရင် ဘယ်လိုလုပ်မလဲ"

"အာ....အင်း....ဟို....ဟိုလေ ငါကမင်းကိုချွေးသုတ်ပေးတာ ၊ မျက်တောင်မွှေးကရှည်နေလို့ ကိုင်ကြည့်မယ်လုပ်တာ။ စိတ်မရှိပါနဲ့"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now