Chapter 9

746 38 0
                                    

(Unicode)

"ကျောက်ယွမ် ဒီလေးနဲ့မြှားကို သွားစစ်ဆေးခဲ့"

"ဟုတ်ကဲ့ အရှင့်သား"

ရှောင်ကျန့် ပြိုင်ပွဲဝင်တုန်းက သုံးသည့် လေးနှင့်မြှားကို ဝမ်ရိက သူ့ညာလက်ရုံးကိုစစ်ဆေးခိုင်းနေခြင်းဖြစ်သည်။ ဘေးနားကနေ ရှောင်ကျန့်ကမျက်လုံးလေး ကလယ်ကလယ်နှင့် အပြူးသား။ ခုဏက စထားတာကြောင့် ဝမ်ရိစိတ်တိုနေ၍ စကားဝင်မပြောရဲ။ ဘေးနားကပင် ကုပ်ကုပ်လေးကြည့်လျက်။

"ကျန့်ကော ၊ သမားတော်ဆီမသွားလို့ ဖြစ်လို့လား"

"ရတယ် ရတယ် ၊ ငါဘာမှမဖြစ်ဘူး ဟီးဟီး"

"အင်း......... ။ အဲဒါဆို စုဝေးပွဲသွားရအောင်။ ပြိုင်ပွဲတွေရဲ့ နိုင်သူရှူံးသူကြေညာတော့မှာ"

"အင်း.....အင်း ၊ ရှေ့ကသွား ငါလမ်းမသိဘူး"

"အော"

ဝမ်ရိ မှာ စိတ်တိုချင်ပေမယ့်လည်း စိတ်မတိုနိုင်။ ဘေးနားက မျက်နှာငယ်လေးနှင့် လိုက်ကြည့်နေသော ကလေးမဟုတ်သောလူကြီးက သူ့ကိုချော့နေသလိုပင်။ စုဝေးပွဲ နေရာတွင် လူအများစုံလှသည်။ ပုရိသတ်တွေရော၊ ပြိုင်ပွဲဝင် မင်းသား မင်းသမီး တွေရော ၊ မွေးနေ့ရှင် ဘုရင်နှင့် သူ့ မိဖုရား မောင်းမတော်တွေပါ စုံလျက်။ ဝမ်ရိ နှင့် ရှောင်ကျန့် ပြိုင်ပွဲဝင်တွေကြားက တစ်နေရာတွင်ရပ်လိုက်ကြသည်။ မကြာခင်ဘဲ ဆုကြေညာမည့်သူထံမှ ကြေညာသံထွက်လာခဲ့သည်။

"ကြွရောက်လာတဲ့လူကြီးမင်းများ ၊ ယခုအချိန်မှာ ပြိုင်ပွဲဝင်တွေရဲ့ အနိုင်အရှုံးကို ဖော်ပြတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် မကြေညာခင် နောက်ဆုံးပြိုင်ပွဲတစ်ခုရှိဦးမှာပါ။ ဒီပြိုင်ပွဲအပေါ်မှာမူတည်ပြီး အနိုင်အရှုံးကွဲသွားနိုင်ပါသေးတယ်။ ပြိုင်ရမှာကတော့ အလံလုပွဲဖြစ်ပါတယ်။ နှစ်ယောက်တစ်ဖွဲ့ပြိုင်ရမှာ ဖြစ်ပြီးတော့ အဖွဲ့ဝင်ကတော့ ကိုယ့်ကြင်ယာတော်တွေနဲ့ဖြစ်ပါတယ်။ ကြင်ယာတော်မရှိသေးတဲ့ မင်းသား မင်းသမီးငယ်တွေကတော့ အချင်းချင်း အဖွဲ့ဖွဲ့ရမှာဖြစ်ပါတယ်။ ရုတ်တရက်ကျင်းပသည့်ပြိုင်ပွဲဖြစ်သည့်အတွက် ခေတ္တဆွေးနွေးရန် အခိန်ပေးမှာဖြစ်ပါတယ်။ နားနေဆောင်များသို့သွားရောက်ဆွေးနွေးနိုင်ပါတယ်"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now