Chapter 23

480 18 0
                                    

(Unicode)

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောရှောင်ကျန့်သည် ဒေါသထွက်နေသည်မှန်းမသိသာစေရန်ထိန်းနေသည်။ ပလ္လင်ပေါ်မှလက်ခုပ်တဖြောင်းဖြောင်းနှင့် ထိုင်လှောင်နေသော လုကျိန်းမှာ အတော်သဘောကျနေဟန်။

"ပြောပြမယ် ပြောပြမယ်.....ဘယ်ကနေစပြောရမလဲဆိုတော့ အင်း.... ၊ အဲ့နေ့ကမင်းတို့ပြန်သွားပြီး သိပ်မကြာဘူး ငါစလှုပ်ရှားတာ။ ညနေညစျေးကသိပ်စည်တာကိုး အဲ့မှာကလူတွေနဲ့ရောပြီးပုန်းတယ်။ ညနက်ပိုင်းလောက်လည်းရောက်ရော အကုန်လုံးနည်းနည်းတော့ငြိမ်သွားပြီလေ။ သူလျှိုတော့နည်းနည်းထားရတာပေါ့။ ဟန်ရီ အိမ်မှာငါ့တပည့်တွေထဲကတစ်ယောက်ကအစေခံဝင်လုပ်နေတာရှိတယ်။ သူ့ကိုပစ္စည်းတစ်ခုပေးထားတယ်လေ ၊ အရမ်းလှတဲ့ပစ္စည်းလေး ၊ အမွှေးတိုင်ခွက်လေး။ အာ....မင်းတို့တွက်တာနည်းနည်းလွဲသွားတယ်။ အကြောသေစေတဲ့အဆိပ်က အမွှေးတိုင်မှာမဟုတ်ဘူး ၊ အမွှေးတိုင်ခွက်မှာ။ စိတ်ဝင်စားစရာလေးပြောပြဦးမယ် ၊ အဲဒီအဆိပ်ကယုံလင်းမှာဘဲရှိတာ။ အနံ့တုံ့ပြန်အဆိပ်လို့ခေါ်တယ် ၊ မွှေးတာဖြစ်ဖြစ်နံတာဖြစ်ဖြစ် အနံ့ပြင်းရင် သူ့အာနိသင်ပြလာတဲ့အဆိပ်မျိုး။ ကံကောင်းချင်တော့ ဟန်ရီက အမွှေးနံ့သာအလွန်ကြိုက်သကိုး။ အမွှေးတိုင်တို့ဆိုလည်း အနံ့စူးစူးရှရှတွေကြိုက်တာဆိုတော့ အရန်သင့်လေးရယ်။ အမွှေးတိုင်အောက်ခံခွက်မှာ အဆိပ်သုတ်ရင်ရိပ်မိမှာစိုးလို့ ခွက်လုပ်တုန်းကအဆိပ်ပါထည့်လုပ်ထားတာ။ အမွှေးတိုင်လည်းထွန်းရော အနံ့ကိုတုံ့ပြန်တဲ့အဆိပ်ကဇာတိပြလာတော့ဟန်ရီရဲ့ အကြောတွေသေကုန်ရော။ အချိန်ကိုက်လေးဘဲ ငါဝင်ပြီး တိုက်ခိုက်တော့ အကြောသေနေတဲ့ဟန်ရီလေးခင်ဗျာ ဘာမှမလုပ်နိုင်ဘူး။ အင်း......စိတ်ရှုပ်ဖို့တော့ကောင်းတယ် မသေခင်လေး သဲလွန်စလေးကချန်ခဲ့သေးတယ်။ အဲ့ကနေပြန်တော့  မင်းတို့ကပေါ်လာပြန်ရော။ ဟာ.....တကယ်စိတ်ရှုပ်ဖို့ကောင်းတာ။ ငါ့ဘာသာငါဆိုအေးဆေးရယ် မင်းတို့ကလိုက်ဖမ်းတော့ ငါ့ခြေစွမ်းကမပြလို့မဖြစ်တော့ဘူး။ အဲဒါအကုန်ဘဲလေ။ ဘယ်နှယ့်လဲ ဒါလေးရောလှတယ်မလား"

ရှောင်ကျန့်အမူအရာတို့မပျက် စိတ်ထဲမှာတော့ဗလောင်ဆူနေသည်။ လက်သီးဆုပ်လျက်သာစကားဆက်ပြောသေးတယ်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now