Chapter 27

510 14 0
                                    

(Unicode)

၂ ဦး ၂ ဖက် ပျာယာခတ်သွားသောအခြေအနေရောက်သွားခဲ့သည်။ ရုတ်တရက် ပုန်းနေရာမှထွက်လာသော ဝမ်ရိတို့အတို့အဖွဲ့နှင့် ကြေးစားအဖွဲ့တို့ ထိပ်တိုက်တွေ့ကြလေပြီ။ အလန့်ကြီးလန့်နေသူက လုကျိန်း။ ဘာရယ်ကြောင့်မသိ ဝမ်ရိကိုတွေ့လျှင်ကိုအလိုလိုလန့်နေသောလုကျိန်းက သွေးပျက်နေသလိုပင်။ အခုချိန်ထိတော့ ဝမ်ရိတို့အဖွဲ့သည် လူအင်အား ဖြင့်တော့သာနေသေးသည်။ သို့ရာတွင်လက်ရုံးချင်းတော့ ယှဥ်နိုင်လောက်သည်မဟုတ်။ ယခုတပ်သားများကိုတော့ ကျောက်ယွမ် ၊ ရွှမ်းယွမ် ညီအစ်ကို ၂ ယောက်ကဦးဆောင်ပြီးကာတိုက်ပေးနေလေသည်။

ဝမ်ရိသည် ကြမ်းပြင်ပေါ်တွင် နာကျင်စွာ လဲလျောင်းနေသော ရှောင်ကျန့်၏ ခြေရင်းတွင်စိတ်ပူစွာငေးကြည့်လျက်။ ထို့နောက် ရှောင်ကျန့်နားသို့အသာလေးသွားကာ ခေါင်းလေးကို မ လျက်သူ၏လက်မောင်းပေါ်သို့တင်ထားလေသည်။ ရှောင်ကျန့်သတိလေးလည်းနည်းနည်း ပြန်ဝင်လာရော ရှိတဲ့အားလေးနဲ့ ဝမ်ရိကိုလှမ်းရိုက်ရှာသည်။ ပါးစပ်ကလည်းတတွတ်တွတ်နှင့်။

"ဝမ်ရိပေါ် မင်းသိပ်ဆိုးတယ်။ မလာပါနဲ့ဆိုတာကို ၊ မင်းပါသေသွားရင် ဘယ်လိုလုပ်မလဲ။ မင်းတကယ် စကားနားမထောင်ဘူး"

"ကျန့်ကောလည်းဆိုးတာဘဲ။ ကျန့်ကောလည်းသေသွားရင် ကျွန်တော်ဘယ်လိုနေရမှာလဲ။ ဒဏ်ရာရသွားလည်းအစောကတည်းက ကျွန်တော်တို့ကိုခေါ်လိုက်လည်းရနေတာကို။ ပြီးတော့ ဒဏ်ရာရပြီး အဖမ်းခံနေရတဲ့အချိန်မှာတောင် ရန်သူကိုသွားဆွနေသေးတယ်။ ဟိုကစိတ်မထင်ဘဲ သတ်ပစ်ရင်ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့လည်းပုန်းတဲ့နေရာမှာ ၊ အကိုတော်တွေလည်း အဖမ်းခံရထားတဲ့အခြေအနေ ၊ ကျန့်ကောကိုဘယ်သူမှအချိန်မီကယ်နိုင်လိုက်မှာမဟုတ်ဘူး။ ကျန့်ကောလည်းသိပ်ခေါင်းမမာနဲ့လေဗျာ"

"အဟဲ ၊ မင်းစိတ်ပူတတ်သားဘဲ။ ဒါပေမယ့် ငါမသေသေးပါဘူးကွ ၊ ငါလုပ်ချင်တာမလုပ်ရသေးမချင်းငါမသေနိုင်သေးဘူး။ အခုငါလုပ်ချင်တာလား.......ဟိုလူကြီးကိုသတ်ချင်တာ"

"အလွန်အကျွံမလုပ်ချင်နဲ့ဦး ၊ ဒဏ်ရာကဆိုးနေပါတယ်ဆိုမှ"

"အင်း......မလုပ်ပါဘူး။ အိမ်ရှေ့စံအရှင့်သားတို့ကို လွတ်အောင်လုပ်ပေးလိုက်ဦး။ မင်းလည်းမြင်တဲ့အတိုင်းဘဲ။ သူလည်းစိတ်ဒဏ်ရာနည်းနည်းတော့ရသွားမှာ။ အဘိုးနဲ့အမေကတစ်ပြိုင်နက်တည်း တိုင်းပြည်ရဲ့အကြီးမားဆုံး သစ္စာဖောက်မှုဆိုတဲ့အပြစ်ကိုလုပ်လိုက်တာဆိုတော့။ အထူးသဖြင့်သားဖြစ်သူက နောင်အနာဂတ်ရဲ့တိုင်းပြည်ဖခင်ဖြစ်တော့မယ့်အခြေအနေမှာ။ ဒါပေမယ့်အိမ်ရှေ့စံအရှင့်သား စိတ်အရမ်းပြတ်သားတယ် ၊ တိုင်းပြည်ရဲ့ဖခင်ဖြစ်ထိုက်တယ် ၊ သူတွေးနေတာတိုင်းပြည်နဲ့ပြည်သူအတွက်ဘဲ။ သူ့ရဲ့တိုင်းပြည်နဲ့ ပြည်သူတွေဘေးကင်းစေဖို့ သူကအမေအရင်းနဲ့ အဘိုးကိုစွန့်ပစ်လိုက်တာ။ မင်းနည်းနည်းကြည့်လုပ်ပေးလိုက်ပါ"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now