အခန်း ( ၃ ) ပန်းပဲပညာ

Start from the beginning
                                    

             ပန်းပဲဆရာကြီးသည် တူကို မြန်မြန်လွှဲရိုက်နေခြင်းမဟုတ်သော်ငြားလည်း သူ၏ခံနိုင်ရည်အားနှင့် သက်လုံသည် သူမတူအောင် ကောင်းမွန်လှပြီး ထိုသို့သောစွမ်းအားကို ဤကမ္ဘာတွင် တွေ့နိုင်လိမ့်မည်မဟုတ်ပါ။ ပေတုံးထက်တွင်ရှိသော မီးမြှိုက်ထားသည့် သံပေါ်သို့ တူကြီးသည် အကြိမ်တစ်ရာခန့်  ကျ‌ရောက်ပြီး ဖြစ်သည်။ တူအားလွှဲသည့်အခါတွင်လည်း တူညီသော အမြင့်ဖြင့် ရိုက်နေသည်မှာ တိကျသေချာလှသည်။ တူကြီးအား အမြင့်ကြီး မြှောက်သည်။ ထို့နောက်ပေတုံးထက်သို့ ရိုက်ချသည်။ ထိုကဲ့သို့ အချက်တစ်ရာခန့် ထုရိုက်နေသော်လည်း အမှားပင်မရှိချေ။

            ချင်ကျင်းသည် ထိုတူကြီးမည်မျှလေးကြောင်းကို လက်တွေ့သိမြင်ထားပြီးဖြစ်သည်။ ပန်းပဲဆရာမှာ တူလွှဲသည့်နည်းအတိုင်းအတုယူ၍ ချင်ကျင်းသာ တူအစား လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်အသုံးပြုရသော ဓားရှည်ကို အစားထိုးသုံးနိုင်မည်ဆိုပါက သူ၏ခံနိုင်ရည်အားဖြင့် လွှဲချက် ဆယ်ချက်ခန့်အထိ ထိန်းထားနိုင်ပေမည်။ သို့သော် ချင်ကျင်းသည် ထိုတူကြီးကို အခန်းတစ်ခန်းစာ အကွာဝေးကိုပင် မနည်းဆွဲယူနေရသည်။ ယခုပန်းပဲဆရာရောက်ရှိနေသော အဆင့်ကို လိုက်မီရန်အတွက် ချင်ကျင်းသည် များစွာကြိုးစားရပေဦးမည်ဖြစ်သည်။

            ချင်ကျင်းတစ်ယောက် သံပြားကိုရိုက်ရာမှ ထွက်လာသော မီးပွားလေးများကိုကြည့်ရင်း မင်သက်နေမိသည်။

“ကစားသမား ချင်ကျင်း သံရည်ကျိုခြင်း အခြေခံအဆင့် သင်ယူပြီးစီး။”

“ကစားသမား ချင်ကျင်း သံပုံစံသွင်းခြင်း အခြေခံအဆင့် သင်ယူပြီးစီး။”

ထိုသို့ မှော်စနစ်၏အသံမှ ချင်ကျင်းအား သတိပေးလိုက်သည်နှင့် တပြိုင်နက် ပန်းပဲ ဆရာကြီးသည်လည်း သူ၏နောက်ဆုံး ရိုက်ချက်ကို အားကောင်းကောင်းဖြင့် ရိုက်ချလိုက်တော့သည်။ ပေတုံးထက်တွင် လောလောလတ်လတ်ဖိုမှချထားသော နီရဲစွာလောင်မြိုက်နေသည့် ဓားတစ်ချောင်း ရှိနေသည်။ ပန်းပဲဆရာကြီးသည် ညှပ်များဖြင့် ပေတုံးထက်မှ တောက်လောင်နေသော ဓားကို ညှပ်ယူကာ ရေပုံးထဲသို့ ထိုးထည့်လိုက်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now