Extra-10

3.6K 292 2
                                    



နောက်ဆုံးမှာတော့ စူးကျင်းပေအပေးအယူလုပ်ပြီး သူ့ကိုခွင့်တောင်းလိုက်သည်။

"အာ....မဖြစ်ဘူး ကျွန်မအပြင်ထွက်ရဦးမယ်လေ......"

စူးကျင်းပေနားလည်လိုက်ချိန်မှာတော့ သူ့လက်တွေဟာသူမ၏အနီရောင်ဝတ်စုံကိုဖြတ်၍ သူမနောက်ကျောဘက်ကိုရောက်နေ၏။ နောက်ဆုံး သူမသတိကပ်လာခဲ့ပြီ။ သူမ ဒီယောက်ျားရဲ့လက်တွေ့တိုက်ပွဲဝင်နိုင်စွမ်းကို ရှင်းရှင်းလင်းလင်းသိတယ်။ အကယ်၍ အခုချိန်မှာသာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် နောက်ရက်တွေ သူမဘယ်လိုလုပ်အပြင်ထွက်ပြီးရိုက်ကူးရေးလုပ်နိုင်တော့မှာလဲ...

"မသွားနဲ့တော့ နော်"

ထိုသူ၏ပြင်းပြင်းပြပြအသံက သူမနားထဲပျံ့လွင့်လာ၏။

စူးကျင်းပေ သူ့ကိုတွန်းထုတ်ကာ
"မရဘူး ရှင်မလုပ်......"

"ရတယ် ကိုယ်လုပ်နိုင်တယ်"

ရုတ်တရက် ကျိုးရှစ်ယွင်သူမလေးကိုပွေ့ချီပြီး အိပ်ရာပေါ်ပစ်တင်လိုက်သည်။ စူးကျင်းပေမထနိုင်ခင်မှာပဲ သူကခေါင်းငုံ့နှင့်ပြီးသားပဲ...သူမကိုခွထားလျက် ဘေးနှစ်ဖက်လုံးတွင်သူ့လက်တွေထောက်ထား၏။

"အရင်က မင်းကိုယ့်ကိုတောင်ပေါ်ဒေသမှာလာရှာတဲ့အချိန်တုန်းက မင်းဘာပြောခဲ့လဲဆိုတာမှတ်မိလား...မင်းပြောခဲ့တာ မင်းဆုတစ်ခုလိုချင်တယ်တဲ့"

ကျိုးရှစ်ယွင် သူ့ခန္ဓာကိုယ်ကိုငုံ့သထက်ငုံ့လာခဲ့၏။

"အဲတော့ မျှမျှတတနဲ့ဆို ကိုယ်ကလည်းမင်းကိုတွေ့ဖို့အဝေးကြီးကနေလာခဲ့ရတာမလို့ မင်းကိုယ့်ကိုဆုချသင့်တယ်"

စူးကျင်းပေ "???"

ရှေးပဝေသဏီလောက်ကသူမကွေ့ကျိုးကိုသွားခဲ့တဲ့အချိန်ကအကြောင်းကိုပြောနေတာလား?

"ဘယ်လောက်တောင်ကြာနေပြီလဲ.....ပြီးတော့ အဲဒီအချိန်တုန်းက ကျွန်မရှင့်ကိုနမ်းပဲနမ်းခဲ့တာ"

"အင်း အတော်ကြာနေပြီ...အချိန်ကြာလာတာနဲ့အမျှ ဆုကြေးကလည်းကြီးလာသင့်တယ်လေ"

"???"

ကျိုးရှစ်ယွင်ပြုံးပြီး ခေါင်းငုံ့ကာသူမနားသယ်သီးလေးကိုကိုက်လိုက်သည်။ ဒီဆုကြေးကြီးလာတာကတော့ နမ်းတာထက်ပိုပြီးလေးနက်တဲ့တစ်စုံတစ်ခုကိုလုပ်ဖို့အတွက်ပဲ.....

Intense Love ( ဘာသာပြန် )Where stories live. Discover now