Extra-3

3.7K 348 3
                                    



ကလေးတွေဟာသူတို့မွေးကတည်းကကျိုးမိသားစုနဲ့သာနေထိုင်ခဲ့တာဖြစ်သည်။ ဒါကြောင့် သူ့ကလေးတွေကိုမကြာမကြာတွေ့နိုင်၏။ ကျိုးရှစ်ယွင်ကသူ့အရင်ဆေးရုံကနေနှုတ်ထွက်ခဲ့ပြီး ပေကျင်းရှိဆေးရုံတစ်ရုံကိုပြောင်းလာခဲ့လေသည်။

စူးကျင်းပေကလေးမွေးပြီးနောက် အချိန်အတော်ကြာအပြင်မထွက်ခဲ့ပေ။ အချိန်အများစုကိုတော့ သူမကကျိုးမိသားစုအိမ်မှာသာကုန်ဆုံးခဲ့၏။ တခါတရံ သူမကလေးနှစ်ယောက်ကိုစူးမိသားစုထံရက်အနည်းငယ်ပြန်ခေါ်သွားတက်သည်။

ဒီနေ့မှာတော့ ရှလုနဲ့ရွှယ်ယင်းကသူမအိမ်၌ဧည့်သည်လုပ်နေကြ၏။ သူမတို့သုံးယောက်ကခြံဝင်းသေးလေးထဲမှာထိုင်နေကြပြီး လက်ဖက်ရည်သောက်ရင်းစကားပြောနေကြသည်။

"ကျင်းပေ ငါနင့်ကိုမတွေ့ရတာကြာပြီ နင့်ပုံရိပ်လေးကိုနင်ပြန်ထိန်းသိမ်းပြီးပြီလား"

ရွှယ်ယင်းကအံ့ဩတကြီးပြော၏။
"နင့်ဗိုက်မှာဘာအသားမှမရှိတော့ဘူး"

ရှလုပြုံးရင်း
"သူမကဘယ်သူမလို့လဲ၊ သူမကစူးကျင်းပေလေ...သူမဗိုက်မှာအသားတုံးကြီးရှိခွင့်ပေးမှာတဲ့လား"

ရွှယ်ယင်းခေါင်းညိတ်ကာ
"မှန်တယ်"

"ငါလေ့ကျင့်ခန်းအများကြီးလုပ်တာတောင်ဒီအဆီတွေကိုမဖယ်ရှားနိုင်ဘူးဆိုရင် ငါသေသွားနိုင်တယ်"

"အာ နင်ရဲ့ပေါင်ပေ့လေးဘယ်မှာလဲ"

စူးကျင်းပေခေါင်းမော့၍သူမကိုကြည့်ပြီး
"ပေါင်ပေ့? ဘယ်တစ်ယောက်လဲ"

ရွှယ်ယင်းဆို့နင်သွားကာ
"လျန်ရှနဲ့လျန်ရိ....."

"အို့ ငါကနင်ငါ့ရဲ့ဒေါက်တာကျိုးကိုမေးတယ်လို့ထင်နေတာ"

"........"

"ကလေးတွေကအခုချိန်အရုပ်ခန်းထဲမှာကစားနေကြတယ် နင်သူတို့ကိုတွေ့ချင်လို့လား"

"သွားရအောင် ကလေးတွေကြီးပြီးလာပြီလားဆိုတာငါ့ကိုလိုက်ပြ"

စူးကျင်းပေသည်သူမသူငယ်ချင်းနှစ်ယောက်ကို လျန်ရှနဲ့လျန်ရိတို့ရဲ့သီးသန့်ကစားအခန်းကိုခေါ်သွား၏။ အခန်းတံခါးကိုဖန်နဲ့ပြုလုပ်ထားတာကြောင့် သူမတို့သုံးယောက်ဟာအခန်းထဲကမြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်ရသည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now