Extra-7

3.2K 314 3
                                    



ကျိုးလျန်ရှနဲ့ကျိုးလျန်ရိတို့နှစ်ယောက်အသက်ဆယ့်သုံးနှစ်အရွယ်တွင်ဂျူနီယာအထက်တန်းကျောင်းတက်ခဲ့ကြသည်။ သူတို့ရဲ့လှပပြီးချစ်စရာကောင်းတဲ့အသွင်အပြင်ကြောင့် ဆရာမတွေနဲ့အတန်းဖော်တွေကသူတို့ကိုသဘောကျကြသည်။

ယနေ့ခေတ်တွင် ကလေးတွေဟာအရွယ်နှင့်မလိုက်အောင်ထက်မြက်လာကြပြီး သူတို့ကြိုက်နေတဲ့တစ်စုံတစ်ယောက်ကိုဖွင့်ပြောခြင်းနဲ့ပတ်သတ်ပြီးအကျွမ်းတဝင်ဖြစ်နေတာကတော့အံ့ဩစရာမရှိပေ။

တစ်နေ့အတန်းနားချိန်အတွင်း၌ တတိယအတန်းကကောင်လေးတစ်ယောက်ကကျိုးလျန်ရှကိုလှေကားထောင့်သို့ဆွဲခေါ်သွား၏။ ကျိုးလျန်ရိကအဝေးကနေမြင်လိုက်တာကြောင့် မတုန်မလှုပ်အနောက်ကနေလိုက်သွားလေသည်။ ကျိုးလျန်ရှနဲ့ထိုကောင်လေးတို့စကားပြောနေတာကို ကျိုးလျန်ရိကနံရံကိုမှီပြီးခဏနားထောင်နေလိုက်သည်။

"နင်ကငါ့ကိုကြိုက်နေတာလား ဒါပေမဲ့ ငါနင့်ကိုမကြိုက်ဘူးနော်"

ကျိုးလျန်ရှအသံထွက်လာ၏။

ထိုကောင်လေးအံ့ဩသွားကာ
"လျန်ရှ အရင်ကတည်းကငါမင်းကိုအလေးထားခဲ့တာကို ငါ့ကိုအခွင့်အရေးတစ်ခုလောက်ပေးပါလား"

"မပေးဘူး ငါကဒီကြည့်ကောင်းတဲ့မျက်နှာလေးကိုပဲကြိုက်တာ နင့်ကိုတော့........."

"ငါ ငါကဘာလဲ"

ကျိုးလျန်ရှအခက်တွေ့ဟန်ဖြင့်
"နင်ကအရည်အချင်းမပြည့်မီသေးဘူး"

ကျိုးလျန်ရိ "......."

"ဒါပေမဲ့ ငါနင့်ကိုတကယ်ကြိုက်တာပါ"

"အာ့ အာ့ ငါ့ကိုသွားခွင့်ပေး"

"လျန်ရှ ငါနဲ့အရင်ဆုံးကြိုးစားကြည့်ပါလား"

"ဘာကိုကြိုးစားရမှာလဲ မကြိုးစားချင်ပါဘူး"

"လျန်ရှ!"

"ဟေ့! နင်ငါ့ကိုသွားခွင့်မပေးရင်ငါအော်လိုက်မှာနော်.......အား အား အား နင်......."

"ဘန်း!"

ထိုကောင်လေးသည်ကြမ်းပြင်ပေါ်အပြင်းအထန်အကန်ခံလိုက်ရလေသည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now