Chapter-56

3.6K 374 2
                                    


စူးကျင်းပေ ရေချိုးပြီး၍ ကျိုးရှစ်ယွင်ရဲ့ရှပ်အင်္ကျီဝတ်ပြီး သူမလဲဝတ်ပြီးသားအဝတ်အစားများကိုကိုင်ကာ အပြင်ထွက်လာခဲ့သည်။

"ကျိုးရှစ်ယွင် ဒီဟာတွေဘယ်မှာထားရမှာလဲ"

စာအုပ်စင်ရှေ့တွင်ရပ်၍ ပစ္စည်းတွေကိုစီနေသည့်အမျိုးသားအား သူမလှမ်းမေးလိုက်၏။

"လျှော်ဖို့လိုတဲ့ဟာတွေကိုတော့ အဝတ်ခြင်းထဲထည့်ထားလိုက်၊ လျှော်ဖို့မလိုတဲ့ဟာတွေကိုတော့........"

ကျိုးရှစ်ယွင် အမှုမဲ့အမှတ်မဲ့ လှည့်လာသည်။ သူရှေ့ကမြင်ကွင်းကို မြင်လိုက်ရသောအချိန်တွင် သူငေးမောကြည့်နေလေ၏။

သူမရပ်နေ​သော​နေရာရှိ မီး​ရောင်​​လေး​တွေသည် တောက်​ပ​နေ၏။ မြူခိုးများသည် သိသာမြင်နိုင်ရုံမျှသာ။ မိန်းမတစ်ယောက်သည် ရေချိုးပြီးနောက် ပျော့ပျောင်းလန်းဆန်းမှုနှင့်အတူ ထိုနေရာတွင် ပျင်းရိစွာရပ်နေ၏။ စူးကျင်းပေက အရပ်ရှည်သော်လည်း သူ့ရှပ်အင်္ကျီကပိုရှည်နေပြီး သူမပေါင်လယ်ကိုသာ ဖုံးထားလေသည်။ သို့သော် အလယ်အထိသာ... ရှည်လျားပျော့ပျောင်းပြီး အချိုးကျသောခြေတံရှည်တစ်စုံသည် အဝတ်ကင်းမဲ့နေ၏။ သူမသည် ဖိနပ်မစီးထားဘဲ ဖြူဖွေးလှပသောခြေဖဝါးများကို ကြွေပြားများပေါ်သို့ တိုက်ရိုက်နင်းထားကာ သန့်ရှင်းပြီးစွဲမက်ဖွယ်ကောင်းနေသည်။

ကျိုးရှစ်ယွင် သူ့ကိုယ်သူပြောသလိုမျိုး သူကဆရာဝန်ဖြစ်ပြိး သူထိတွေ့မှုအများဆုံးအပိုင်းသည် လူခန္ဓာကိုယ်ဖြစ်သည်။ ယောင်္ကျား၊မိန်းမ.....သူ အတော်ကြာကျင့်သားရနေပြီဖြစ်၏။

သို့ပေမဲ့လည်း ကျိုးရှစ်ယွင်သည် လူတွေကြား၌ ကွဲပြားမှုတွေရှိနေသေးကြောင်း လေ့လာတွေ့ရှိရ၏။ ထိုအချိန်တွင် စူးကျင်းပေသည် အရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်လာတာကြောင့် သူ့ရဲ့အရင်ယုံကြည်ချက်တွေကို မထားနိုင်တော့သည့်ပုံပင်။

"လျှော်ဖို့မလိုတဲ့အဝတ်တွေကို ဘယ်မှာထားရမှာလဲ"

စူးကျင်းပေ ပြောလာသည်။

ကျိုးရှစ်ယွင် သူ့နှလုံးသားထဲက ဂနာမငြိမ်ဖြစ်နေသည်ကိုဖိနှိပ်လိုက်ကာ သူ့အကြည့်တွေကို ဖြည်းဖြည်းလွှဲလိုက်လေသည်။ သူ့လက်ထဲကစာအုပ်ကို စာအုပ်စင်ပေါ်တင်၍

Intense Love ( ဘာသာပြန် )Where stories live. Discover now