Chapter-112

3.8K 374 4
                                    


ကျိုးရှစ်ယွင်ကနောက်ပြန်လှည့်ကြည့်လိုက်ပေမဲ့လည်း ထိုအမျိုးသမီးကအခန်းထဲသို့ဝင်သွားပြီဖြစ်သည်။

"ကိုယ်မသိဘူး သွားကြရအောင်"

စူးကျင်းပေပြုံး၍
"ရှင်တို့နှစ်ယောက်ကညီအစ်ကိုတွေဆိုပေမဲ့လည်း ရှင့်အစ်ကိုမှာကအသိအမြင်ကောင်းကောင်းပိုရှိတယ်ဆိုတာ ကျွန်မမြင်နိုင်တယ်"

ကျိုးရှစ်ယွင်ကသူမကိုဘေးတိုက်ကြည့်ကာ
"ဘယ်လိုအသိအမြင်မျိုးလဲ"

"မိန်းမတွေရဲ့အသိအမြင်"

ထိုသို့ပြောပြီးနောက် သူမဘေးနားကလူထံ၌ သုန်မှုန်နေသည့်မျက်နှာထားရှိနေသည်ကို စူးကျင်းပေသတိပြုမိလိုက်၏။ စူးကျင်းပေချောင်းဟန့်ကာ အကြောင်းအရာကိုမြန်မြန်ပြောင်းလိုက်တော့သည်။

"မမျှော်လင့်ဘဲ အစ်ကိုကြီးကကျွန်မရှေ့မှာမတ်တပ်ရပ်နေပြီးတော့ အဲ့ဒါကကျွန်မကိုနည်းနည်းအနေရခက်စေတယ်။ ကျိုးရှစ်ယွင် အစ်ကိုကြီးကရှင့်လောက်နီးပါးကိုအရပ်ရှည်တာပဲ......."

"ကိုယ် ကိုယ့်အခန်းထဲသွားတော့မယ်......ကိုယ်အရမ်းအိပ်ချင်နေပြီ"

စူးကျင်းပေခေါင်းညိတ်ပြပြီး သူ့နောက်အမီလိုက်သွားတော့သည်။

စူးကျင်းပေသည် နောက်တစ်နေ့နေလည်ခင်းမှသာအိပ်ရာနိုးလာတော့လေသည်။ သူမအိပ်ရာနိုးလာချိန်က ကျိုးမိသားစုကသတ်မှတ်ထားသည့်နေ့လယ်စာစားချိန်ထက်တောင်စောနေသေးကြောင်းသိလိုက်ရ၏။ ရုတ်တရက် သူမအိပ်ရာထဲကထခုန်လိုက်၏။

"ငါ့အဝတ်အစားတွေဘယ်မှာလဲ!"

"ကြမ်းပြင်ပေါ်မှာ...ရှင်ဘယ်လိုလုပ်ဒီလောက်ထိဂရုမစိုက်နိုင်ဖြစ်ပြီး အဝတ်အစားတွေကိုလည်းမဆိုင်းမတွလွှင့်ပစ်နိုင်ရတာလဲ"

ရုတ်တရက် အခန်းထဲတွင်အသံတစ်သံထွက်ပေါ်လာပြီး စူးကျင်းပေကြောက်လန့်သွားတော့သည်။ သူမလှည့်ကြည့်လိုက်တော့ ဆိုဖာအသေးလေးတစ်ခုပေါ်၌လူတစ်ယောက်ထိုင်နေသည်ကိုတွေ့လိုက်ရ၏။

"မင်းကဒီမှာဘာလုပ်နေတာလဲ"

ရှောက်စုယင်းကသုန်မှုန်နေသည့်မျက်နှာဖြင့်ပြော၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now