Extra-9

3.6K 310 1
                                    



ကျိုးရှစ်ယွင် စူးကျင်းပေကိုတကယ်သွားတွေ့ခဲ့သည်။ သူမရိုက်ကူးရေးအဖွဲ့ကိုရောက်ရန် မိုင်ထောင်ပေါင်းများစွာဖြတ်သန်းခဲ့ရပြီး visiting class ဖြင့်စီးလာခဲ့ရလေသည်။

သူရိုက်ကွင်းကိုရောက်တော့ ညဆယ်နာရီခွဲနေပြီဖြစ်ကာ စူးကျင်းပေကညဘက်မှာတောင်ရိုက်ကူးရေးလုပ်နေ၏။ ထို့ကြောင့် သူမတည်းသည့်ဟိုတယ်အောက်ထပ်မှာပဲ သူမကိုသူစောင့်နေလိုက်တော့သည်။ တစ်နာရီခွဲကျော်လောက်စောင့်ပြီးနောက် စူးကျင်းပေ၊ဟယ့်တီနဲ့တခြားသူတွေလမ်းလျှောက်ဝင်လာတာကိုတွေ့လိုက်၏။ သူတို့ကသူ့ကိုမမြင်ဘဲ တခြားလမ်းကနေဝင်သွားသည်။

ကျိုးရှစ်ယွင် အနောက်ကလိုက်သွား၏။ စူးကျင်းပေ၊ဟယ့်တီနဲ့တခြားသူတွေဟာ လမ်းထောင့်၌လမ်းခွဲပြီးသူတို့အခန်းတွေဆီလျှောက်သွားတော့သည်။ ကျိုးရှစ်ယွင်ကစူးကျင်းပေအနောက်ကနေလိုက်လာခဲ့ပြီး သူမတံခါးပိတ်တော့မည့်အချိန်မှာပဲ တံခါးချပ်ကိုလက်ဖြင့်ကာလိုက်လေ၏။

"ကျိုးပေါင်ပေ့?"

စူးကျင်းပေ ကျိုးရှစ်ယွင်ကိုမြင်တော့အံ့ဩနေမိ၏။ ကျိုးရှစ်ယွင်မည်သည့်စကားမှမဆို ဒါပေမဲ့ သူကသူမကိုအထက်စီးဆန်ဆန်ကြည့်နေသည်။

ကြည့်ရတာ အခုမှသူမနားချိန်ရောက်တာနဲ့တူတယ် ၊ ရိုက်ကူးရေးကရှေးခေတ်ဝတ်စုံကိုသူမဝတ်ထားဆဲပဲ။ ပိတ်ကျဲစကတ်အောက်မှချစ်စရာကောင်းသောခန္ဓာကိုယ်လေးက အနီရောင်ဝတ်စုံဖြင့်အရိပ်တစ်ခုသဖွယ် ၊ သူမ၏၀တ်စားဆင်ယင်မှုက မယုံနိုင်လောက်အောင်လှပနေမည်မှာသေချာသော်လည်း သူမ၏အသွင်အပြင်ထက်များစွာနိမ့်ကျနေသေး၏။ အသားအရေကဆီဆေးလိုမျိုး ၊ မျက်ခုံးနဲ့မျက်လုံးတွေကလှပပြီး နဖူးပေါ်ကပန်းပွင့်အနီလေးကပိုလို့တောင်အံ့ဩသင့်ဖွယ်ကောင်းနေလေသည်။

ကျိုးရှစ်ယွင် သူ့မျက်လုံးတွေအသာကျဉ်းမြောင်းရင်း ရင်ထဲ၌သာသက်ပြင်းချမိတော့သည်။ အချိန်တွေဘယ်လောက်ပဲကြာသွားပါစေ သူမအသွေးအသားတွေထဲကညှို့ချက်တွေကတော့မပျောက်ပြယ်သွားဘူး......

"ရှင်ရုတ်တရက်ကြီးဒီမှာဘာလို့ရှိနေတာလဲ လျန်ရှနဲ့လျန်ရိတစ်ခုခုဖြစ်လို့လား"

Intense Love ( ဘာသာပြန် )Unde poveștirile trăiesc. Descoperă acum