Chapter-13

4.3K 471 3
                                    


စူးကျင်းပေသည်ဆေးရုံတွင်တစ်ညသာနေခဲ့ပြီး နောက်နေ့တွင် သူမအေးဂျင့်နှင့်လက်ထောက်အား ဆေးရုံတက်ရန်လုပ်ထုံးလုပ်နည်းများကိုပြုလုပ်ခိုင်း၍ လူနာဆောင်သို့တိတ်ဆိတ်စွာပြန်လာလေသည်။

"ကြယ်ပွင့်လေး မင်းပြန်လာပြီပဲ ကျွန်တော်သေလောက်အောင်လွမ်းနေတာ"

လင်ချင်းဝေ့သည် ချဲ့ကားပြောကာ "ဒီလိုမျိုးပတ်ပြေးနေတာဘာလုပ်မလို့လဲ မင်းခြေထောက်ပြန်နာလိမ့်မယ်"

"ရုတ်တရက်အရေးကြီးကိစ္စပေါ်လာလို့ပါ ကျွန်မပြန်လာတာပဲမဟုတ်ဘူးလား ဆေးရုံမဆင်းခင်ကျိန်းသေပေါက်လုံးဝပြန်သက်သာအောင်လုပ်မှာ"

"လုပ်ကိုလုပ်ရမှာနော် အာ ဟုတ်သားပဲ မနေ့ကမင်းဆေးရုံဆင်းသွားတာမင်းမိသားစုကိုမပြောခဲ့ဘူးလား သူတို့မင်းကိုတွေ့ဖို့လာသေးတယ်"

စူးကျင်းပေသည်နှစ်ကြိမ်လောက်ချောင်းဆိုးပြီး "အို မင်းတွေ့ခဲ့တာလား သူတို့ဘာပြောခဲ့သေးလဲ"

"ဘာမှတော့မပြောပါဘူး ဒါပေမယ့် စီနီယာနဲ့တော့အကြာကြီးစကားပြောကြတယ်"

"ဒေါက်တာကျိုးနဲ့"

စူးကျင်းပေသည်တအံ့တဩဖြင့် "သူတို့ဘာတွေပြောကြတာလဲ"

"ကျွန်တော်ဘယ်လိုလုပ်သိမှာလဲ သူတို့ကသီးသန့်ပြောကြတာ မင်းမိသားစုကဒေါက်တာကျိုးကိုတော်တော်ဖော်ရွေတာပဲ သူနဲ့စကားပြောပြီးတော့ပျော်ပျော်ပဲထွက်သွားကြတာ မင်းသူတို့နဲ့မတွေ့ခဲ့ဘူးလား"

"ပျော်ပြီးထွက်သွားတာ"

စူးကျင်းပေသည်ခေါင်းအုံးကိုမှီးလိုက်ပြီး ဘေးမှစားပွဲအားလက်ဖြင့်ခေါက်၍ "ဒေါက်တာကျိုးဘယ်မှာလဲ ကျွန်မသူနဲ့စကားပြောချင်တယ်"

"သူ့ခွဲစိတ်မှုကခုနလေးတင်ပြီးတာ"

စူးကျင်းပေသည်ခေါင်းငြိမ့်ပြ၍ သူမ၏အိတ်ကိုဖြည်နေသောလက်ထောက်အား

"ရှောင်ဝေ ငါ့ကို wheelchair တွန်းပေးဖို့ကူညီပေးပါအုံး"

"ဟုတ်ကဲ့ အစ်မပေပေ"

လင်ချင်းဝေ့ "အခုသွားမလို့လား"

"အင်း"

Intense Love ( ဘာသာပြန် )Where stories live. Discover now