Chapter-61

4.1K 396 3
                                    


လူတိုင်း ကျိုးရှစ်ယွင်ကိုကြည့်နေစဉ် သူ့လက်မောင်းထဲမှကြောင်လေးသည် ရုတ်တရပ်အော်ပြီးခုန်ဆင်းသွား၏။ စူးကျင်းပေက ချန်ရှင်းအိုက်ကိုမှီထား၍ မျက်နှာချင်းဆိုင်ကဘယ်သူလဲဆိုတာကြည့်ရန် သူမမျက်လုံးတွေကိုပွတ်လိုက်သည်။

"ချစ်စရာကြောင်ကလေး"

ထို့နောက် ချန်ရှင်းအိုက် သူမကိုအံ့အားသင့်စွာပြောလာ၏။ သူမအသံကိုခန့်မှန်းရလျှင် သူမသည်လည်း ချစ်စရာကောင်းမူအောက်တွင် အရည်ပျော်သွားပြီဖြစ်သည်။ စူးကျင်းပေသည် သူမအကြည့်အတိုင်းလိုက်၍ငုံ့ကြည့်လိုက်ကာ ပြောလာ၏။

"ဝူထုန်"

"မြောင်"

ကြောင်ဖက်တီးလေးသည်ခေါင်းမော့ကြည့်ကာ သူ့မျက်နှာဟာစိတ်ကြီးဝင်နေ၏။ ဒါက တကယ့်ကိုပဲ။ ဒီသခင်ကြီးကို ဟူးမန်း မြန်မြန်ချီလိုက်တော့။

"တကယ် ဝူထုန်ပဲ"

စူးကျင်းပေ ဆောင့်ကြောင့်ထိုင်ကာ ကြောင်လေးကိုပွေ့ဖက်လိုက်၏။

"ငါမူးနေတာလား.....ဝူထုန် ဒီအတောတွင်းငါနင့်ကိုမတွေ့ရဘူး။ နင်က အမြဲတမ်းလိုလိုဝနေတုန်းပဲ"

ချန်ရှင်းအိုက် အလန့်တကြားဖြစ်နေ၏။
"အာ....ကျင်းပေကျဲ အစ်မမူးနေပြီ။ ကြောင်လေးကို အောက်ချလိုက်ပါလား"

ထိုကြောင်လေးက လူတွေကိုအရမ်းခက်ထန်နေပုံပေါ်နေ၏။ ကျင်းပေကျဲက ဒီလိုမျိုးပေါ့ပေါ့ပါးပါး ဘယ်လိုလုပ်ချီထားနိုင်ရတာလဲ။

"ဝူထုန် ငါသွားပြီကတည်းက နင်ကိုယ်လက်လှုပ်ရှားမလုပ်တော့တာမလား ဟုတ်တယ်မလား။ ကြောင်ဆိုးလေး......"

စူးကျင်းပေက အနားတွင်မည်သူမှမရှိသကဲ့သို့ ကြောင်လေးကိုစနောက်နေ၏။ ကျန်းရွှယ်ချန်းသည် ကျိုးကျန်းရှန့်ကို အနေခက်နေသည့်အကြည့်ပေး၍ မြန်မြန်ဆန်ဆန်ပဲ စူးကျင်းပေကိုဆွဲခေါ်ရန် အရှေ့သို့လှမ်းလာသည်။

"ကျင်းပေ မင်းမူးနေပြီ အရင်ဆုံးကြောင်ကိုအောက်ချပေးလိုက်"

စူးကျင်းပေ လေတက်လိုက်၏။
"ဒါရိုက်တာ!! ဒါရိုက်တာလည်း ဝူထုန်ကိုကြိုက်တာပဲလား။ မဟုတ်ဘူး မဟုတ်ဘူး သူကရှက်တက်တယ်။ သူကရှင့်ကိုကြိုက်မှာမဟုတ်ဘူး"

Intense Love ( ဘာသာပြန် )Kde žijí příběhy. Začni objevovat