Chapter-31

3.6K 381 5
                                    


"ဟေ့ ရှင်ဆက်ကိုင်ထားလို့ရတယ်နော် ကျွန်မစိတ်ထဲမထားဘူး"

စူးကျင်းပေသည် ရှက်ဟန်ဖြင့် သူ့အင်္ကျီလက်ကိုဆွဲကိုင်ကာ
"ကျွန်မတို့က စေ့စပ်ထားပြီးသားလေ ဒီလိုအပြုအမူမျိုးကအဆင်ပြေပါတယ်။ ဟုတ်တယ်မလား"

စူးကျင်းပေသည် ပင်ကိုယ်အားဖြင့် နှစ်လိုဖွယ်ကောင်းသည်။ သူမစကားတွေထဲတွင် ပိုနှစ်သက်ဖွယ်ကောင်းသည်ကိုပါထပ်ပေါင်းထည့်လိုက်လျှင် သူမကို စုန်းမ တစ်ယောက်လို့တောင် ယူဆနိုင်လေသည်။

ကျိုးရှစ်ယွင်မျက်ဝန်းတွေသည် စိတ်မပါချေ။

"မဆွဲနဲ့"

စူးကျင်းပေဟာ နှာမှုတ်လိုက်၏။ အခုလေးတင် ဆွဲကိုင်လိုက်တာဘယ်သူမလို့လဲ။ ကျိုးရှစ်ယွင်သည် သူမကို ထပ်ပြီးအာရုံမစိုက်တော့ဘဲ စင်္ကြံလမ်းတစ်လျှောက် လမ်းလျှောက်လာ၏။ စူးကျင်းပေသည် သူ့နောက်ကလိုက်လျှောက်ရင်း စကားပြောနေလေသည်။

"ကျိုးရှစ်ယွင် ရှင်အခုလေးတင် ပြီးပြည့်စုံတယ်လို့ပြောလိုက်တယ်လေ ဘယ်ဟာကပြည့်စုံတာလဲ ကျွန်မရဲ့မိတ်ကပ်မလိမ်းထားတဲ့မျက်နှာကလား"

ကျိုးရှစ်ယွင် "....."

"ကျိုးရှစ်ယွင် ရိုးသားလိုက်စမ်းပါ ကျွန်မက မိတ်ကပ်နဲ့ပိုလှတာလား မိတ်ကပ်မလိမ်းထားဘဲနဲ့ပိုလှတာလား"

တိတ်ဆိတ်လျက်။

"အို သိပြီ ကျွန်မကဘယ်လိုနေနေကြည့်ကောင်းတယ်လို့ ရှင်တွေးနေတာမလား"

စူးကျင်းပေဟာ တခစ်ခစ်ရယ်နေ၍
"ရှင်က မှန်းရတော်တော်ခက်တာပဲ"

"ကျိုးရှစ်ယွင်...."

"တိတ်တိတ်နေ"

နောက်ဆုံးတွင် ကျိုးရှစ်ယွင်သည် အားကိုးရာမဲ့စွာဖြင့်ပြောလာ၏။

စူးကျင်းပေသည် စိတ်မဝင်စားဟန်ဖြင့်ပုခုံးတွန့်ကာ
"အိုကေ အိုကေ ဟေ့ ကျွန်မကိုစောင့်အုံး အမြန်မလျှောက်နဲ့လေ"

ကျိုးရှစ်ယွင် မည်သည့်စကားမှမဆိုချေ။ သို့သော် သူ့ခြေလှမ်းတွေကိုတော့နှေးလိုက်၏။ စူးကျင်းပေသည် မြန်မြန်ဆန်ဆန်ပဲ ရှေ့သို့လှမ်းလာပြီး သူမ၏တံတောင်ဆစ်ကို သူနဲ့ချိတ်လိုက်သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now