Chapter-66

3.3K 367 1
                                    


"ကျင်းပေ နင်ဘာလို့ဒီမှာရှိနေတာလဲ"

ရှလုသည် ထိတ်ထိတ်ပျာပျာဖြင့် မတ်တပ်ရပ်လိုက်၏။

"နင် နင်........."

စူးကျင်းပေ အရှေ့သို့လှမ်းလာပြီး လှည့်ပတ်ကြည့်သည်။ ယောင်္ကျားငါးယောက်ရှိပြီး ရှလုတစ်ယောက်တည်းသာ မိန်းကလေးဖြစ်သည်။

"ငါက နင့်ကိုမေးသင့်တာနော် နင်ဒီမှာဘာလို့ရှိနေတာလဲ"

စူးကျင်းပေဟာ သူမရဲ့ပုံမှန်မာနကြီးတက်တဲ့အသွင်ပျောက်ဆုံးကာ သူမမျက်နှာကမည်းမှောင်လာ၏။ ရှလုသည် လည်ချောင်းရှင်း၍ အင်တင်တင်ဖြင့် မတုန်မလှုပ်ပြောလိုက်သည်။

"အာ ငါနင့်ကိုမိတ်ဆက်ပေးမယ်။ ဒါက ပရိုဂျူဆာကျန်း၊ ဒါက ဒါိရိုက်တာချန်၊.........."

စူးကျင်းပေက ဒီလူတွေကိုသူမမိတ်ဆက်ပေးနေတာကို မကြားချင်ခဲ့ပေ။ သူမ ရှလုကိုကြည့်၍မေး၏။

"ရှလု ဒီလူကနင့်ရဲ့ချစ်သူလား"

"အမ်" ရှလုတောင့်ခဲသွား၏။ "ဘာ ဘာချစ်သူလဲ"

"နင်တို့အရမ်းရင်းနှီးနေတာကို ငါမြင်လိုက်လို့ သူကနင့်ရဲ့ချစ်သူလို့ ထင်လိုက်တာ"

ရှလုအသားရောင်ပြောင်းလဲသွားသည်။

"ကျင်းပေ......."

"အာ မင်းကစူးကျင်းပေလား။ တစ်ခါမြင်ဖူးတာက အကြိမ်တစ်ရာလောက်ကြားရတာထက် တက်ယ့်ကိုပိုကောင်းတာပဲ"

ပရိုဂျူဆာကျန်း မူးနေတာကို သူ့မျက်နှာကနေမြင်နိုင်၏။

"အမှန်ပဲ အရမ်းလှတယ်"

ရှလုက စူးကျင်းပေကို အပြင်တွန်းထုတ်လိုက်သည်။

"ကျင်းပေ အရင်သွားလိုက်ပါ။ ငါနောက်မှရှင်းပြမယ်"

"မသွားနဲ့ ထိုင်ပြီးအတူတူသောက်ရအောင်"

တခြားသူတွေကလည်း ထပ်ပြောလာ၏။

"ဟုတ်တယ် ဟုတ်တယ် အတူတူသောက်ကြရအောင် မိန်းမလှလေး"

ရှလု အရမ်းစိုးရိမ်နေ၏။

"ကျင်းပေ"

စူးကျင်းပေ ရှလုကိုဖျက်ခနဲကြည့်ကာ ရုတ်တရက် သူမရှိတဲ့နေရာမှာပဲထိုင်ချလိုက်၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now