Chapter-45

3.4K 370 2
                                    


ရှောက်စုယင်းနှင့်စူးကျင်းပေသည် တစ်ယောက်နှင့်တစ်ယောက်ဝေးကွာလွန်းသည်။ သူတို့မျက်နှာတွေသည် သူစိမ်းတွေကဲ့သို့ တည်ငြိမ်လှသည်။ ထိုအခိုက်အတန့်တွင် ကောင်းကျစ်ထုန်ဟာ စူးကျင်းပေကို အထင်သေးသလိုကြည့်လိုက်ပြီး သူမရောက်လာသည့်အချိန်တွင် ကောင်းကျစ်ထုန်သည် ဘေးမှရှောက်စုယင်းကိုပြော၏။

"သူက ငါနင့်ကိုပြောနေတဲ့ ကျားဝေကိုခိုးယူသွားတဲ့မြေခွေးမ စူးကျင်းပေ"

"အို သူမလား"

"အင်း ငါနင့်ကိုပြောနေတဲ့မြေခွေးမကို ဒီနေ့ နင့်မျက်စိနဲ့ကြည့်ဖို့ ဒီကိုလာခဲ့တာမဟုတ်ဘူးလား"

ရှောက်စုယင်း ထိုင်ခုံအနောက်ကိုမှီလိုက်ကာ
"အာ အင်း ဟုတ်တယ် တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမကလူကောင်းမဟုတ်ဘူးဆိုတာ ငါပြောနိုင်တယ်"

ကောင်းကျစ်ထုန် သူမရင်ထဲအလွန်ပျော်ရွှင်သွားပြီး ခပ်မြန်မြန်ပြောလာ၏။
"ငါပြောနေတာအဲ့ဒါပဲ ဒီလိုနှစ်လိုဖွယ်ကောင်းတဲ့မျက်နှာနဲ့ သူ့မှာ ဆွဲဆောင်နိုင်တဲ့အရည်အချင်းကောင်းကောင်းတွေရှိရမယ်"

ရှောက်စုယင်း ခေါင်းငုံ့ပြီး သူမအစ်ကိုဘယ်လိုတောင်မသိရတဲ့အကြောင်းတွေးနေ၏။

'ဦးထုပ်စိမ်းဆောင်းတယ်' 'ဒီမိန်းမကတော့'

ကောင်းကျစ်ထုန် ဤအရာကိုမြင်တော့ပြုံးမိသည်။ ကျိုးမိသားစုရဲ့မိန်းမငယ်လေးကို မပျော်မရွှင်ခံစားရအောင်လုပ်တာက ကောင်းတဲ့အရာတော့မဟုတ်။ စူးကျင်းပေ ဒီတစ်ခါတော့ လွယ်မှာမဟုတ်။

"သောက်လိုက်"

ကောင်းကျစ်ထုန်ဟာ ရှောက်စုယင်းကို ဖျော်ရည်တစ်ခွက်ပေး၏။

"မလိုဘူး"

ရှောက်စုယင်းအကြည့်တွေသည် စူးကျင်းပေ၏လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေလေသည်။

ကောင်းကျစ်ထုန်သည် သူမအေးတိအေးစက်ဆက်ဆံခံလိုက်ရတာကို စိတ်အနှောင့်အယှက်မဖြစ်ပေ။ ဆက်ပြီး ရှောက်စုယင်းဘေးတွင် အပြုံးတစ်ခုချိတ်ဆွဲ၍ ဆက်ထိုင်နေသေးသည်။ သူမနဲ့ရှောက်စုယင်းသည် စီးပွါးရေးပါတီတစ်ခုတွင် တွေ့ဆုံခဲ့သည်။ အစကတော့ သူမ ဤမိန်းမငယ်လေးကို သတိမထားမိခဲ့ပေ။ နောက်ပိုင်းတွင် သူမအနေအထားသည် ထူးခြားကြောင်းသိခဲ့ရပြီး တမင်သက်သက် သူမကိုချဉ်းကပ်ခဲ့သည်။ နောက်ပိုင်း သူတို့ သူငယ်ချင်းတွေဖြစ်လာပြီးနောက် သူမအကြောင်း သိလာခဲ့သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now