Chapter-82

3.4K 348 1
                                    



စူးကျင်းပေသည် အကြောင်းပြချက်မရှိဘဲ စူးအိမ်တော်သို့ ပြန်ရန်ဆန္ဒမရှိပေ။ တကယ်တော့ သူမဟာ ဒီမြို့မှာ မဂ္ဂဇင်းရိုက်ရန်စီစဉ်ထားတာကြောင့် သူမမိသားစုက သူမကိုပြန်လာဖို့ မတောင်းဆိုခဲ့ရင်တောင်မှ ဘာပဲဖြစ်ဖြစ် သူမလာခဲ့မှာဖြစ်သည်။ ဒီနေ့က မဂ္ဂဇင်းရိုက်ကူးရေးရဲ့တရားဝင်နေ့။ ဟယ့်တီက သူမကိုလာခေါ်ရန် စူးအိမ်တော်သို့မောင်းလာခဲ့သည်။ စူးကျင်းပေရဲ့ကိုယ်ရေးအချက်အလက်လျှို့ဝှက်ထားမှုကြောင့် ဟယ့်တီသည် အမြဲတမ်း တစ်ယောက်တည်းလာမည်ဖြစ်သည်။

စူးကျင်းပေ အိမ်ကထွက်လာတော့မည့်အချိန်တွင် ကျိုးရှစ်ယွင်နှင့်သခင်ကြီးစူးက ဧည့်ခန်းထဲတွင် Go(ဂို)ကစားနေလေသည်။

(T/N : Go Board Game ဆိုတာက အဖြူနဲ့အမည်းအစေ့လေးတွေနဲ့ chess ကစားသလိုကစားတဲ့ဟာလေ တရုတ်ကားတော်တော်များများမှာပါတယ်)

"ကျွန်မ ညနေ၆နာရီဝန်းကျင်လောက်မှ အလုပ်ပြီးလိမ့်မယ်"

စူးကျင်းပေက ဤသို့ပြောရန် အထူးသဖြင့် ထိုနှစ်ယောက်အနားသို့ချည်းကပ်လာ၏။ သခင်ကြီးစူးက ကျားကွက်ကိုသာ မမှိတ်မသုန်ကြည့်နေသည်။

"ကောင်းပြီ စောစောသွားပြီးစောစောပြန်လာ"

"ကျွန်မနောက်တစ်ကြိမ်ထပ်ပြောမယ်နော်၊ ၆နာရီမှလို့"

ကျိုးရှစ်ယွင်သည် အရေးမထားသလိုတုံ့ပြန်ပြီး သခင်ကြီးစူးကိုသာမော့ကြည့်လိုက်သည်။

"ဖိုးဖိုး သေချာဂရုစိုက်ဖို့လိုတယ်နော်"

သခင်ကြီးစူးဟာ မျက်မှောင်ကြုတ်ကာသက်ပြင်းချလိုက်တော့သည်။

"မင်းအဖိုးအသက်ရှိစဉ်ကလည်း ငါမနိုင်ခဲ့ဘူး။ မင်းကို မင်းအဖိုးထက်ပိုတော်နေလိမ့်မယ်လို့ ငါမမျှော်မှန်းထားခဲ့ဘူး"

စူးကျင်းပေသည် ဤနှစ်ယောက်ကိုကြည့်ကာ ကျားကွက်ခုံပေါ်တွင် သူမလက်ချောင်းများဖြင့်ခေါက်လိုက်လေသည်။

"ကျွန်မစကားပြောတာကိုရော နားထောင်နေကြရဲ့လား"

"ကျစ် ဒီမိန်းကလေးကတော့ ငါတို့ကိုမနှောင့်ယှက်နဲ့၊ အလုပ်မြန်မြန်သွား။ မင်းအလုပ်ပြီးတာနဲ့ ငါ ရှစ်ယွင်ကိုလာကြိုခိုင်းလိုက်မယ်"

Intense Love ( ဘာသာပြန် )Where stories live. Discover now