Chapter-123

4.1K 407 19
                                    



နောက်တစ်နေ့တွင် စူးကျင်းပေသည်ရိုက်ကူးရေးအဖွဲ့ထံပြန်လာခဲ့ပြီး ကျိုးရှစ်ယွင်ကသူမကိုလိုက်ပို့ပေးခဲ့သည်။ မပြန်ခင် သူကသရုပ်ဆောင်မင်းသမီးတွေရဲ့လုံခြုံရေးကို ရှန်ချင်းကျိုးနဲ့ဆွေးနွေးဖို့ကိုလည်းမမေ့ခဲ့။

"ဒါရိုက်တာရှန် ဒါကအရမ်းအန္တရာယ်များလွန်တယ် လူစားထိုးသုံးလိုက်ပါလား"

"လူစားထိုးရှိပေမဲ့မနေ့ကအနီးကပ်ရိုက်ရတာကြောင့် နည်းလမ်းမရှိခဲ့ဘူး။ ဒါတော့ကျွန်တော်လည်းမတက်နိုင်ဘူး"

ရှန်ချင်းကျိုးကတမင်သက်သက်ထပ်ပြောလိုက်၏။
"ဒီအတောတွင်းတော့အနီးကပ်ရိုက်ရမယ့်အခန်းတွေအများကြီးရှိတယ်"

ကျိုးရှစ်ယွင်မျက်နှာမည်းမှောင်သွားပြီးပြတ်ပြတ်သားသားပြောလာ၏။

"ကျွန်တော်စာချုပ်ချိုးဖောက်လိုက်ရင်ဘယ်လိုဖြစ်နိုင်လဲ"

ရှန်ချင်းကျိုးမျက်မှောင်ကြုတ်ကာ
"စူးကျင်းပေကရောစာချုပ်ချိုးဖောက်ချင်စိတ်ရှိတယ်လို့ခင်ဗျားထင်လား"

"သူမဆန္ဒရှိလာတဲ့ထိကျွန်တော်စိတ်ရှည်ရှည်စောင့်နိုင်ပါတယ်"

ရှန်ချင်းကျိုးကသူ့ကိုစိုက်ကြည့်နေပြီး သူ့မျက်နှာလည်းအေးစက်လာလေသည်။ ရေခဲတောင်ကြီးနှစ်တောင်ကမျက်နှာချင်းဆိုင်ရပ်နေကြပြီး လေထုလည်းပြင်းထန်နေ၏။

ယွီဝမ်ချောင်းဟန့်ကာအရှေ့ကိုမြန်မြန်လျှောက်လာပြီး
"မစ္စတာကျိုး မနေ့ကဖြစ်သွားတာကတကယ်ကိုကျွန်မတို့အဖွဲ့သားတွေရဲ့အမှားပါ...ကျွန်မတို့တာဝန်ယူပါ့မယ်။ ကတိပေးပါတယ် နောက်တစ်ကြိမ်ဒီလိုမျိုးမဖြစ်စေရဘူးလို့ကျွန်မကတိပေးတယ်။ လုံခြုံဘေးကင်းရေးကိုလည်းသေသေချာချာလုပ်ပေးပါမယ်"

ယွီဝမ်ကကျိုးရှစ်ယွင်ကိုကောင်းကောင်းမွန်မွန်ဖျောင်းဖျလိုက်တာကြောင့် သူ့မျက်နှာထားပြေလျော့လာတော့သည်။

ယွီဝမ်ဆက်ပြော၏။
"နောက်ပြီး ရှန်ချင်းကျိုးရဲ့အဓိပ္ပာယ်မရှိတာတွေကိုနားမထောင်နဲ့၊ လတ်တလော အနီးကပ်ရိုက်ရမယ့်အခန်းတွေများပေမဲ့ အန္တရာယ်ရှိတဲ့အခန်းတွေမဟုတ်ပါဘူး"

Intense Love ( ဘာသာပြန် )Where stories live. Discover now