Chapter-12

4.5K 456 3
                                    


ဆရာဝန်ကုတ်အင်္ကျီဝတ်ဆင်ထားသည့်ယောင်္ကျားတစ်ယောက်သည် လမ်းလျှောက်လာပြီး သူ၏မျက်နှာသည်အေးစက်နေသော်လည်းနူးညံ့သိမ်မွေ့ဟန်ရှိပြီး ပင်ကိုလက္ခဏာသည်လည်းဂုဏ်ယူဖွယ်ဟန်နှင့်ထူးချွန်ပုံပေါက်ပေသည်။ ကျောက်ရွှယ်ယန်သည်ပိုပြီးသေချာသွား၏။

မစ္စဟော်၏ဒုတိယမြေးလေးသည် မိသားစုမှကျင်းပသောပွဲအခမ်းအနားများသို့ ဘယ်တော့မှမတက်ရောက်သောကြောင့် မည်သူမှသူဘယ်လိုပုံရှိသည်ကိုမသိပေ။ သို့သော် သူမသည်မစ္စဟော်ပေးထားသည့်ဓာတ်ပုံထဲတွင်မြင်ဖူးပြီးသားပင်။ ဤပုံသည်ကလေးအရွယ်အသက် ၁၂၊၁၃ လောက်ကပုံဖြစ်သော်လည်းပဲ ကြီးပင်းလာသည့်အခါ သာမန်ကလေးမဟုတ်ဘူးဆိုတာကို အသေအချာသိနိုင်သည်။

ယခု ထိုလူကိုမြင်သည့်အခါ ကျောက်ရွှယ်ယန်သည် ဤမျက်နှာသည်ဓာတ်ပုံထဲမှ ဆယ့်နှစ်နှစ်အရွယ်မျက်နှာနှင့်ဆင်တူနေသည်ကိုခံစားရသည်။ သူမသည် ပျော်ရွှင်နေသည့်ပုံနှင့် သူ့အားမိတ်ဆက်လိုက်ပြီး

"ရှစ်ယွင် လတ်စသတ်တော့ မင်းကကျင်းပေရဲ့တာဝန်ကျဆရာဝန်ကိုး သိပ်ကောင်းတယ် သိပ်ကောင်းတယ်"

ကျောက်ရွှယ်၏အပြုအမူနှင့်ရင်းနှီးဟန်ရှိသောအသံသည် ဘေးပတ်လည်မှာရှိသည့်သူနာပြုတွေကိုကြက်သေ,သေစေရုံသာမက လင်ချင်းဝေ့နှင့်အမြဲတစေမျက်နှာတည်နှင့်တုံ့ပြန်မှုမရှိသည့်ကျိုးရှစ်ယွင်ကိုပါ ထိတ်လန့်စေသည်။

"အန်တီက...."

"ရှစ်ယွင် မင်းကဒီမှာဆိုတော့ငါစိတ်သက်သာပါပြီ ဒီလူဆိုးမလေးပေကေက မင်းအနားမှာထပ်ရှုပ်တော့မှာမဟုတ်ပါဘူး"

ကျောက်ရွှယ်ယန်သည်တမြတ်တနိုးနှင့်ကြည့်ကာ "မင်းအန်တီကိုပြောပါ ကျင်းပေကတကယ်အားလုံးသက်သာနေပြီလား"

ကျိုးရှစ်ယွင်သည် မျက်လုံးအနည်းငယ်ကျဉ်းမြောင်းကာ သူ့ရှေ့မှမရင်းနှီးသည့်အမျိုးသမီးကိုကြည့်နေ၏။ သူ့ဆီသို့ သူမ၏သဘောထားသည် သူနှင့်စူးကျင်းပေ၏ဆက်ဆံရေးအားသိနေသည်ကို ပြသနေသည်။

ကျိုးရှစ်ယွင်သည်စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး ဤအမျိုးသမီးသည် စူးကျင်းပေ၏အမေ ဒါမှမဟုတ် ဆွေမျိုး နှစ်ခုထဲမှတစ်ခုခုဖြစ်နိုင်သည်။

Intense Love ( ဘာသာပြန် )Место, где живут истории. Откройте их для себя