chapter-114

3.8K 388 4
                                    

"ကျွန်မတို့အဲ့ဒါကိုတစ်ခါတည်းနဲ့ရလိမ့်မယ်လို့ရှင်ထင်လား"

စူးကျင်းပေကသူမမေးစေ့ကိုပွတ်၍ပြော၏။ ကျိုးရှစ်ယွင်အသာချောင်းဟန့်ကာ
"ဒီလိုမျိုးဘာမဆိုဖြစ်သွားနိုင်တယ်"

"ဒါဆို တကယ်လို့သာ ကျွန်မတို့မှာကလေးလေးရှိခဲ့မယ်ဆိုရင် ကျွန်မတို့ဘာလုပ်ကြမလဲ"

ကျိုးရှစ်ယွင်ကသူမကိုကြည့်၍
"ဒီအခြေအနေကစောစောဖြစ်လာပြီဆိုတော့ ကိုယ်တို့ကိစ္စကိုလည်းမျှော်မှန်းထားတာထက်စောပြီးလုပ်သင့်တယ်"

"ကျွန်မတို့ကိစ္စ?"

"လက်ထပ်ဖို့"

စူးကျင်းပေ ပေကလတ်ပေကလတ်ဖြစ်နေပြီး
"Shotgun Wedding (ကိုယ်ဝန်ရှိနေ၍ ကတိုက်ကရိုက်လုပ်လိုက်ရသောလက်ထပ်ပွဲ)"

ကျိုးရှစ်ယွင်ကသဘာဝအတိုင်းပြောလာ၏။
"အခုချိန် ကိုယ်တို့မှာကလေးမရှိရင်တောင် ကိုယ်တို့လက်ထပ်ကြမှာပဲလေ"

စူးကျင်းပေတခစ်ခစ်ရယ်ကာ တမင်သက်သက်ပြော၏။

"ကျွန်မအခုထိကစားလို့မဝသေးဘူး လက်မထပ်ချင်သေးဘူး"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် တစ်ယောက်ယောက်ကသူမလက်ကို သူ့လက်ထဲ၌ဖိညစ်လိုက်၏။ စူးကျင်းပေ သူ့ကိုကြည့်ရန်ခေါင်းမော့လိုက်သည်။

"ဘာဖြစ်လို့လဲ ကျွန်မကခေတ်မီတဲ့အမျိုးသမီးတစ်ယောက်၊ အမျိုးသမီးကြယ်ပွင့်တစ်ယောက်က အစောကြီးလက်ထပ်တာရှင်မြင်ဖူးလို့လား။ ဟေ့ ကျိုးမိသားစုရဲ့စည်းမျဥ်းစည်းကမ်းတွေက ကျွန်မကိုတကယ်ပဲချည်နှောင်ထားနိုင်မယ်လို့တော့မတွေးနဲ့နော်"

"ကောင်းပြီ"

စူးကျင်းပေအံ့အားသင့်သွား၏။

"ဘာ........."

"မင်းလက်မထပ်ချင်ဘူးဆိုရင် ကိုယ်တို့လက်မထပ်တော့ဘူး။ မင်းလက်ထပ်ချင်တဲ့အချိန်ကျမှပဲ ကိုယ်တို့အဲ့ဒီအကြောင်းပြောကြမယ်......ကိုယ်မင်းကိုစောင့်နေမယ်"

သူကသာမန်အကြောင်းအရာတစ်ခုအကြောင်းပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပဲပြောလာသည်။ ဒါပေမဲ့ မင်းဘယ်အချိန်ပဲလက်ထပ်ချင်နေပါစေ ကိုယ်မင်းကိုစောင့်နေမယ်........ယောက်ျားတိုင်းကဒီလိုမျိုးပြောနိုင်ကြတာလား။ စူးကျင်းပေကတော့နည်းနည်းမသေချာပေ။ တကယ်တော့ သူလည်းအစောကြီးလက်မထပ်ချင်တာလည်းဖြစ်နိုင်တာပဲ။

Intense Love ( ဘာသာပြန် )Where stories live. Discover now