Chapter-57

3.6K 373 3
                                    


သူ့မျက်လုံးတွေသည် လေဆာနှင့်အာရုံခံနေ၏။ သူတို့နှစ်ယောက် သိသိသာသာကိုအေးစက်နေပေမယ့်လည်း နွေးထွေးတဲ့အရိပ်အယောင်ကိုတော့ သူမခံစားလိုက်ရသည်။

"ဘယ် ဘယ်မှာကျွန်မကနီနေလို့လဲ"

ကျိုးရှစ်ယွင် လက်ဆန့်ထုတ်ကာ သူမမျက်နှာကိုဆွဲယူလိုက်၏။

"မင်းမျက်နှာ"

စူးကျင်းပေ သူမလက်ကို သူမပါးပြင်ပေါ်သို့အုပ်ကိုင်လိုက်လေသည်။

"ဒီ ဒီဟာကပါးနီကလေ ရှင်သိတယ်မလား မိတ်ကပ်ပါးနီလေ"

ကျိုးရှစ်ယွင် ခဏလောက်တွေးနေ၏။
"မင်း ခုနကမှ ရေချိုးထားတာမဟုတ်ဘူးလား"

ဒါသည် သူမမိတ်ကပ်တွေကို ဖယ်ရှားခဲ့သင့်ကြောင်းကိုသွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင်။ စူးကျင်းပေ ထိန်းချုပ်ထားရပြီး သူ့ကိုကြည့်ရန် သူမကိုယ်သူမအားတင်းထားနေရ၏။ ထို့နောက် သူ့ရင်ထဲတွင် တိုးတိုးတိတ်တိတ်ညည်းညူနေသည်။

သူမက သခင်မကြီးတစ်ယောက်ပါ။ သူမက ဒီမှာ ကျိုးရှစ်ယွင်ကိုစနောက်မလို့လေ!! ဘယ်လိုလုပ်သူမက အားနည်းသွားရတာလဲ။

"ကျွန်မရေချိုးခဲ့ပေမယ့် မျက်နှာမသစ်ရသေးဘူး"

စူးကျင်းပေအထက်စီးဆန်ဆန်ကြည့်လိုက်ပြီး
"ထပ်ပြီး ကျွန်မကအတွေ့အကြုံရင့်နေပြီးသားသူလေ။ ကျွန်မမျက်နှာက ဘာလို့နီနေမှာလဲ"

အတွေ့အကြုံရင့်နေပြီးသားသူ!! ကျိုးရှစ်ယွင် သူ့အတွေးတွေကိုသာဆက်တွေးနေပြီး ပြောလိုက်၏။

"အဲ့ဒီလိုလား"

"ဟုတ်တယ် ရှင်ကျွန်မကိုမယုံဘူးလား"

ကျိုးရှစ်ယွင် အံကြိတ်ကာ "လုံး ဝ မ ယုံ ဘူး"

စူးကျင်းပေ သူမအကြည့်တွေကိုကျဉ်းမြောင်းလိုက်၏။ သူမအထင်သေးခံရသလိုခံစားရတာကြောင့် ဒါမှမဟုတ် သူမရှေ့ကအလှလေးက လွှမ်းမိုးထားတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်နည်းနည်းနဲ့ သူမဘာလုပ်နေတာလဲဆိုတာ သဘောပေါက်လိုက်သည့်အချိန်တွင် သူမခန္ဓာကိုယ်သည် မရည်ရွယ်ဘဲခုန်တက်ကာ ကျိုးရှစ်ယွင်ကိုယ်ကို ကိုအာလာတစ်ကောင်လိုမျိုး ရစ်ပတ်နေလိုက်၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now