Extra-4

3.7K 370 5
                                    



ကလေးတွေကြီးပြင်းလာပြီးစကားပြောသင်ယူလာတာနှင့်အမျှ သူတို့အကျင့်စရိုက်တွေကလည်း ပိုပိုပြီးသိသာလာကြသည်။ ကျိုးလျန်ရှက,ကစားရတာကြိုက်ပြီးပြဿနာရှာတက်၏။ သူမလေးကခုနစ်နှစ်၊ရှစ်နှစ်သာရှိသေးသော်လည်း သူမခေါင်းသေးသေးလေးထဲမှာတော့ အဓိပ္ပာယ်မရှိတာတွေအများကြီးနဲ့ပြည့်နှက်နေလေသည်။ ကျိုးလျန်ရိကတော့ဆန့်ကျင်ဘက်ပဲ။ သူမကညီမလေးငယ်လေးဖြစ်ပေမဲ့ သူမလေးမှာတော့အစ်မကြီးတစ်ယောက်ရဲ့တည်ငြိမ်မှုတွေရှိနေ၏။ ကျိုးလျန်ရှနဲ့နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ထူးထူးခြားခြားသူမကပိုပြီးတော့တောင်ရင့်ကျက်နေတယိလို့ခံစားရသည်။

ကလေးနှစ်ယောက်ဟာကာကွယ်စောင့်ရှောက်မှုအောက်မှာကောင်းကောင်းကြီးပင်းလာကြပြီး မီဒီယာရှေ့မှာဘယ်တော့မှဖော်ထုတ်မခံခဲ့ရပေ။ ဒါပေမဲ့ လျန်ရှကစူးကျင်းပေအနားကပ်ရတာကြိုက်ပြီးလျှောက်ကစားရတာကြိုက်တာကြောင့် ရံဖန်ရံခါ စူးကျင်းပေကသူမကိုသူမအလုပ်လုပ်သည့်နေရာသို့ခေါ်သွားတက်သည်။

စူးကျင်းပေအလုပ်လုပ်နေတဲ့အချိန်မှာတော့ ဟယ့်တီနဲ့သူမလက်ထောက်ကလျန်ရှကိုစောင့်ကြည့်ပေး၏။ ထိုနေ့မှာတော့ သူမကပရိုဂရမ်တစ်ခုကိုအသံသွင်းပြီးတာကြောင့်စင်နောက်ကိုပြန်လာ၏။ ထိုအချိန်၌ လျန်ရှကဝန်ထမ်းအချို့နဲ့ဘေးဘက်မှာကစားနေကြသည်။ သူမကအသက်ငယ်ငယ်လေးနဲ့စကားတွေပြောနိုင်ပြီး ဝန်ထမ်းတွေကိုရယ်မောအောင်လုပ်နိုင်လေသည်။

"လျန်ရှ ဒီကိုလာခဲ့"

"မေမေ"

လျန်ရှလေးပြေးလာ၏။ ပြေးနေရင်းနဲ့စူးကျင်းပေအနောက်ကိုလည်းကြည့်နေသည်။

"နင်ခိုင်ကောကောကဘယ်မှာလဲ"

"နောက်ပြီးရင်သူလာလိမ့်မယ် သွားကြရအောင်"

လျန်ရှပါးစပ်ထဲကနင်ခိုင်ကောကောဆိုတာကတော့ ကျိနင်ခိုင်ကိုပြောတာပဲ။ သူကလက်ရှိစူးကျင်းပေနဲ့အတူတူလုပ်နေတဲ့ variety show ရဲ့ idol star တစ်ယောက်ပဲ။ လျန်ရှကဆယ့်ခြောက်နှစ်အရွယ်ကောင်လေးရဲ့ဆွဲဆောင်ခြင်းခံနေရ၏။ သူလာမယ်ဆိုတာသူမသိကတည်းကကျိနင်ခိုင်အကြောင်းကိုပြောနေတော့တာပဲ။

Intense Love ( ဘာသာပြန် )Where stories live. Discover now