Chapter-7

5K 517 1
                                    


ညနေပိုင်းတွင် ကျိုးရှစ်ယွင်နှင့်တခြားဒေါက်တာလင်ချင်းဝေ့သည် ဘေးအခန်း VIP ခန်းမှထွက်လာသည်။ စူးကျင်းပေသည် ပျင်းရိနေပြီး သူမ၏စူးရှလွန်းသောမျက်လုံးတွေသည်သူမ၏အခန်းတံခါးဝမှ ဖြတ်သွားသော ကျိုးရှစ်ယွင်ကိုမြင်တော့ အမြန်ရပ်တန့်လိုက်သည်။

"ဒေါက်တာကျိုး"

ကျိုးရှစ်ယွင်၏ခြေလှမ်းတွေသည်ရပ်တန့်သွားပြီး တံခါးကနေ လှမ်းကြည့်လိုက်သည်။

အခန်းထဲမှအမျိုးသမီးသည် သူ့ကိုပြုံးပြီးလက်ဝှေ့ယမ်းပြနေသည်။

လင်ချင်းဝေ့သည် ကျိုးရှစ်ယွင်ရဲ့လက်ကိုတွန်းလိုက်ပြီး

"ဝင်သွားလိုက်လေ ငါမင်းနဲ့လိုက်ခဲ့မယ်"

ကျိုးရှစ်ယွင််သည် တက်ကြွနေသော လင်ချင်းဝေ့ကို စိုက်ကြည့်လိုက်ပြီး သူ၏စိတ်အနှောက်အယှက်ဖြစ်မှုတွေသည် ရှင်းလင်းနေသည်။

"ဒေါက်တာကျိုး ကျွန်မခြေထောက်တွေ နည်းနည်းအဆင်မပြေဘူး။ ကျွန်မကိုလာကြည့်ပေးပါအုံး"

စူးကျင်းပေသည် ခြေထောက်များမှလွဲ၍ အခြားအစိတ်အပိုင်းများတွင် အနည်းငယ်သာဒဏ်ရာရရှိခဲ့သည်။  ရက်အတော်တန်ကြာပြီးနောက် အနည်းနှင့်အများတော့ သက်သာပျောက်ကင်းနေပြီဖြစ်သည်။ ထို့ကြောင့် သူမ၏ခြေထောက်အကြောင်းသာ ပြောနိုင်သည်။

"သူမင်းကိုခေါ်နေတယ်"

တံခါးအပြင်ဘက်မှာ လင်ချင်းဝေ့သည်မေးငေါ့လိုက်ပြီး ဆရာဝန်တစ်ယောက်အနေနှင့် ခေါ်ဖို့လိုအပ်တယ်လို့ ခံစားမိသည်။ ဒါကြောင့် သူသည် ကျွမ်းကျင်ပြီးကျင့်ဝတ်သိက္ခာရှိရမည်ဖြစ်သည့်အတွက် စူးကျင်းပေ၏အခန်းထဲသို့ဝင်သွားလေသည်။

"မိန်းကလေးစူး မင်းခြေထောက်ဘာဖြစ်လို့လဲ"

လင်ချင်းဝေ့သည် သူ့မျက်နှာထက်တွင် အပြုံးတစ်ခုချိတ်ဆွဲ၍ စူးကျင်းပေအား ကြည့်နေသည်။ သို့သော်လည်း စူးကျင်းပေသည် သူ့ကိုပြုံးပြပြီး အခန်းတံခါးဝမှာ ရပ်နေတဲ့လူကိုလှမ်းကြည့်လိုက်ပြီး

"ဒေါက်တာကျိုး ဒေါက်တာကျိုး"

တံခါးဝမှကျိုးရှစ်ယွင်သည် အခန်းထဲသို့ဝင်လာပြီး ဆေးရုံကုတင်ရှေ့မှာရပ်လိုက်ကာ mask အထက်ကမျက်လုံးတွေသည် အေးစက်တည်ငြိမ်နေပြီး

Intense Love ( ဘာသာပြန် )Where stories live. Discover now