Chapter-21

4K 426 4
                                    


စူးကျင်းပေသည် mask တပ်ကာချိုင်းထောက်ဖြင့် ရှောင်းယွမ်စုန့်ပြောသည့်နေရာသို့လျှောက်လာ၏။ သို့သော် အချိန်အတော်ကြာ ကျိုးရှစ်ယွင်၏ပုံရိပ်ကိုတော့ သူမမမြင်ပေ။ သူမအတွေးတွေကိုခေါင်းထဲကထုတ်လိုက်ပြီး အခန်းပြန်သွားတော့မည့်အချိန်တွင် ၇နှစ် ၈နှစ်အရွယ်ကောင်မလေးသည် ထောင့်စွန်းဘက်သို့ပြေးသွားပြီး အော်လေ၏။

"ကိုကိုရှစ်ယွင် ဝမ်ဝမ်ကဒီနေ့အရမ်းတော်တာပဲ ပြီးတော့ မေမေကတောင် သမီးကို lollipop ကိုဆုပေးသေးတယ်။ ကြည့်လိုက် ကိုကိုရှစ်ယွင်"

ကလေးမလေး၏နူးနူးညံ့ညံ့နှင့်ထင်ရှားပြတ်သားသည့်အသံသည် ဘာမှမရှိသည့်စင်္ကြံလမ်းတစ်လျှောက် ရှင်းလင်းနေ၏။ စူးကျင်းပေသည် ထောင့်စွန်းဘက်သို့လမ်းလျှောက်လာပြီး ကလေးမလေး၏လားရာအတိုင်းကြည့်လိုက်၏။

နေ့လည်ခင်းတွင် နေသာနေပြီး နေအလင်းရောင်သည် အဝါရောင်သစ်ရွက်များနှင့်သစ်ရွက်စိမ်းများအားဖောက်ထွင်းကာ လူနှစ်ယောက်ပေါ်သို့ဖြာကျနေ၏။ အရပ်ရှည်ရှည်တစ်ယောက်နှင့်ခပ်ပုပုကလေးမလေးတစ်ယောက်။

ကလေးမလေးသည် ရိုးသားပြီးချစ်စရာကောင်းသည်။ ပန်းရောင်သကြားလုံးအားကိုင်ပြီး ယောင်္ကျားတစ်ယောက်ကိုခွံ့ကျွေးရန်ကြိုးစားနေသည်။ သို့သော်လည်း သူမလေးသည်အရပ်မမီပေ။

ကလေးမလေးသည် မောပန်း၍သူမလက်အားအောက်ချတော့မည့်အချိန်တွင် စူးကျင်းပေသည် အင်္ကျီအဖြူနှင့်ယောင်္ကျားသည်ဆောင့်ကြောင့်ထိုက်လိုက်သည်ကိုမြင်ရ၏။ သူ၏လက်အားဆန့်ထုတ်ကာ သူမ၏သကြားလုံးကိုကိုင်လိုက်၏။ မြင်ရခဲသည့်အပြုံးသည် ဘာကိုမှဂရုမစိုက်တက်သည့်သူ့မျက်နှာအပေါ်တွင်ပေါ်လာပြီး ကိုင်းညွှတ်လိုက်၏။ သူ၏နှုတ်ခမ်းထောင့်စွန်းနှင့် မျက်ခုံးတွေတွင် နူးညံ့မှုအချို့ပေါ်ထွက်လာပေ၏။ စူးကျင်းပေသည်တောင့်ခဲသွားပြီး အရင်က သူရယ်တာသူမဘယ်တော့မှမဖြင်ဖူးပေ။ ထိုအခိုက်တွင် သူ၏မျက်နှာသည်အေးစက်နေသော်လည်း တောက်ပပြီးနှစ်လိုဖွယ်ကောင်းနေတုန်းပင်။

ထိုအခိုက်အတန့်တွင် စူးကျင်းပေသည် သူမ၏ခံစားချက်များအား ဘယ်လိုဖော်ပြရမလဲဆိုတာမသိတော့ပေ။ သူမနှလုံးသားသည်နူးညံ့နေပြီး အံ့ဩကာတဒိမ်းဒိမ်းခုန်မြည်နေသည်။ လတ်စသက်တော့ အရယ်အပြုံးမရှိသည့်သူသည် ရယ်လိုက်သည့်အခါ အလွန်လှပပေ၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now