Chapter-113

4.2K 411 7
                                    

နေ့လည်လက်ဖက်ရည်သောက်ချိန်၌ ကျိုးမိသားစုမှမိသားစုဝင်တွေသည် သခင်မကြီးဟော်နှင့်လက်ဖက်ရည်အတူတူထိုင်သောက်ရင်းစကားစမြည်ပြောနေကြ၏။ စူးကျင်းပေကတော့ ဒီမနက်ကထွက်ပေါ်လာသည့်ဓာတ်ပုံတွေနှင့်ပတ်သတ်၍ ဒေါသထွက်နေဆဲဖြစ်သည်။ ပင်ကိုယ်အားဖြင့် ရှောက်စုယင်းသည်သူမကိုစော်ကားရိုင်းပျရန် ဒီအခွင့်အ‌ရေးကိုလက်လွတ်ခံမှာမဟုတ်ပေ။

"စူးကျင်းပေ ရှင်ဘယ်လိုအဝတ်အစားတွေကိုဝတ်ထားတာလဲ"

"......ဒါကကျေးလက်တောရွာစတိုင်လေ"

ဟယ့်တီစစ်ဆးအတည်ပြုပြီးနောက် ဒီဓာတ်ပုံတွေကသူမနဲ့အတူတူသွားခဲ့သည့်သူနာပြုလေးဆီကပုံတွေဖြစ်သည်။ ပုံမှန်အားဖြင့် သူမကဒီပုံတွေကို ဒီအတိုင်းတင်လိုက်ခြင်းဖြစ်သည်။ သူမက မလိုမုန်းထားစိတ်ဖြင့်မဟုတ်ဘဲ အပျော်သက်သက်သာတင်လိုက်ခြင်းဖြစ်ပေမဲ့ သူမ Weibo အကောင့်ကနေဒီပုံတွေကိုအယူခံလိုက်ရလိမ့်မယ်လို့တော့ထင်မထားခဲ့ပေ။ ထို့နောက် ထိုပုံတွေကပိုပိုပြီးကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားတော့သည်။

"ဖွီး.....ကျွန်မရယ်ရတာသေတော့မယ် အစ်ကို အစ်ကိုရောဒီပုံတွေကိုဂရုမစိုက်ဘူးလား"

ကျိုးရှစ်ယွင်ကအေး‌အေးဆေးဆေးပဲလက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး
"ပုံတွေကအရမ်းလှတယ်လို့ငါထင်တယ်"

"မင်းကြားလား"

စူးကျင်းပေကရှောက်စုယင်းကို အကြီးကအငယ်ကိုပညာပေးသလိုအကြည့်ဖြင့် ဝင့်ဝင့်ကြွားကြွားကြည့်လိုက်၏။

"စုယင်း အဲ့ဒီနေရာကအခက်အခဲတွေကိုမင်းမသိလို့ လူတိုင်းကမင်းလိုမျိုးချမ်းသာနေတာမဟုတ်ဘူး"

"ဟုတ်တယ်" သခင်မကြီးဟော်ကခေါင်းညိတ်၏။

"မင်းတို့ကခက်ခဲတဲ့ဘဝမှာမနေဖူးဘူး မင်းယောင်းမဆီကနေသင်ယူ"

"ဖွားဖွား သမီးကဘာကိုသင်ယူရမှာလဲ၊ သူကအဲ့ဒီနေရာကိုအစ်ကိုနဲ့လိုက်သွားလို့သိတာလေ သမီးကဘယ်သူနဲ့သွားရမှာလဲ"

ကျိုးရှစ်ယွင်ကသူမကိုကြည့်၍
"မင်းသွားချင်တယ်ဆိုရင် နောက်နှစ်အခွင့်အ‌ရေးရှိသေးတယ်"

Intense Love ( ဘာသာပြန် )Where stories live. Discover now