Chapter-87

3.3K 378 2
                                    



စူးကျင်းပေရဲ့နတ်ဘုရားအဆင့် ဒေါက်မြင့်ဖိနပ်နဲ့လမ်းလျှောက်နိုင်တဲ့အရည်အချင်းအတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ပုံမှန်လူတစ်ယောက်က ချော်နေတဲ့မြေပြင်ပေါ်မှာ ခြေလှမ်းနည်းနည်းတောင် လှမ်းနိုင်စွမ်းရှိမှာမဟုတ်ဘူး။ တစ်နာရီခွဲကြာပြီးနောက် နောက်ဆုံးတွင် သူတို့လေးယောက်သည် အိမ်တွေကိုရှာတွေ့သွားပြီး မြေပြင်ပေါ်တွင်ထိုင်ချလိုက်တော့သည်။

"ကျင်းပေ ရှင့်ရဲ့ဖိနပ်တွေပျက်စီးသွားပြီ"

သူနာပြုငယ်လေးလိုင့်လိုင့်က စိုးရိမ်ပူပန်စွာပြောလာ၏။ ဒီလိုပုံစံဖိနပ်တွေအတွက် ဤသို့ပျက်စီးစေရန်မှာ ပြစ်မှုတစ်ခုပဲဖြစ်ရမည်။ စူးကျင်းပေ ငုံ့ကြည့်လိုက်သည်။ သူမဖိနပ်တွေညစ်ပတ်နေရုံသာမက သူမခြေထောက်တွေသည်လည်း ရွှံ့တွေပေကျံနေသည်။ မည်သို့ပင်ဆိုစေ သူမတွေးနေတာက သူမဖိနပ်တွေပျက်စီးနေလား၊မပျက်စီးဘူးလားမဟုတ်ပေမဲ့ ကျိုးရှစ်ယွင်လိုမျိုး  သန့်သန့်ရှင်းရှင်းနေတက်တဲ့လူထူးလူဆန်းတစ်ယောက်ကတော့ ဒါတွေကိုမြင်လျှင် စိတ်အနှောင့်အယှက်ဖြစ်နေပေလိမ့်မည်။

"ရှင်တို့ကျွန်မကို တစ်မိနစ်လောက်ပေးပါဦးနော်"

သိပ်မဝေးတဲ့အရှေ့နားတွင် အိမ်အနည်းငယ်ရှိ၏။ စူးကျင်းပေသည် အနီးဆုံးအိမ်ထံသို့လမ်းလျှောက်သွားလိုက်သည်။ ထိုအိမ်သည် ခြံဝိုင်းကျဉ်းပြီးတစ်မိသားစုတည်းရှိသည့် သမားရိုးကျရှေးရိုးအိမ်တစ်အိမ်ဖြစ်သည်။ အိမ်က နည်းနည်းလျှော့ကျနေသော်လည်း ကောင်းကောင်းတည်ရှိနေဆဲပင်။ ထိုအချိန်တွင် သက်ကြီးရွယ်အိုတစ်ဦးနှင့်လင်မယားနှစ်ယောက်က ခြံဝင်းထဲတွင်နေပြီး ဇနီးမောင်နှံနှစ်ယောက်၏နံဘေးတွင် အသက် ခုနစ်နှစ်၊ရှစ်နှစ်ခန့်ရှိပုံရသော ကလေးမလေးတစ်ဦးရပ်နေ၏။ စူးကျင်းပေဝင်လာချိန်တွင် သူတို့အားလုံးအလုပ်လုပ်နေကြလေသည်။ သူမကို သူတို့မျက်လုံးတွေဖြင့်စိုက်ကြည့်ရင်း သူတို့အလုပ်တွေအားလုံးကိုတောင် မေ့သွားကြ၏။

"ဟယ်လို"

စူးကျင်းပေသည် ခြံဝင်းဝင်ပေါက်တွင်ရပ်နေပြီး သူမနဲ့အနီးဆုံးမှာရှိသည့်သက်ကြီးရွယ်အိုတစ်ဦးကိုမေးလိုက်၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now