Chapter-88

3.4K 358 4
                                    



သူလှည့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့လက်မောင်းထဲ၌ လူတစ်ယောက်ရှိနေလေသည်။ ရင်းနှီးတဲ့ကိုယ်သင်းနံ့လေးက စူးကျင်းပေဆိုတာကို ရှင်းရှင်းလင်းလင်းခံစားနေရ၏။

"မင်း......"

ကျိုးရှစ်ယွင် မည်သို့တုံ့ပြန်ရမည်ဆိုတာကိုမသိတော့ပေ။

"တန့်~တန် ရှင်အံ့ဩသွားလား"

စူးကျင်းပေသည် သူကိုကြည့်ရန် သူမခေါင်းကိုစောင်းလိုက်၏။ ဘာတွေဖြစ်နေတာလဲဆိုတာကိုသဘောပေါက်ရန် ကျိုးရှစ်ယွင် အချိန်အချို့ယူလိုက်ရလေသည်။ သူမကဒီမှာ၊ လူအကာင်လိုက်အသက်ရှုနေတဲ့စူးကျင်းပေ။ သူ ဝမ်းသာအားရအံ့ဩနေတယ်ဆိုတာ ကျိုးရှစ်ယွင်ဝန်ခံရမည်။ သူမကို သူမြင်လိုက်တဲ့အခိုက်တွင် သူ့နှလုံးသားသည် ပျော်ရွှင်မှုနှင့်အတူခုန်ပေါက်သွား၏။ သို့ပေမဲ့ အားလုံးခြုံငုံပြီးစဉ်းစားလိုက်သော် ကျိုးရှစ်ယွင်ကကျိုးရှစ်ယွင်ပါပဲ။ ဘယ်လောက်ပဲသူ့ခံစားချက်တွေ မတည်မငြိမ်ဖြစ်နေပါစေ သူ့ရဲ့မျက်နှာအမူအရာကတော့ အမြဲတစေအေးစက်နေမြဲပင်။

"မင်းမှာအလုပ်ရှိတယ်လို့ပြောခဲ့တာမဟုတ်ဘူးလား။ ဘာလို့ဒီမှာရှိနေတာလဲ"

"ဘာလို့လဲဆိုတော့ ဒီနေ့ကရှင့်မွေးနေ့မလို့လေ၊ ကျွန်မ ရှင့်ကိုရှာဖို့ ကွမ်ကျိုးကနေအိမ်ကိုပြန်လာခဲ့ပေမဲ့ ရှင်ဒီကိုလာမယ်လို့မထင်ခဲ့ဘူး။ ကျွန်မလုပ်နိုင်တာလည်းတခြားဘာမှမရှိတော့ ရှင့်နောက်ကိုပဲလိုက်လာခဲ့တော့တာ"

ကျိုးရှစ်ယွင် ခေတ္တရပ်လိုက်ပြီး "ကိုယ့်မွေးနေ့!"

"အင်း ရှင့်ကိုမွေးနေ့ဆုမွန်ကောင်းတောင်းပေးဖို့ ကျွန်မဒီရောက်နေတာလေ"

စူးကျင်းပေ လှောင်ပြုံးပြုံးလိုက်ကာ
"ကျွန်မအိတ်ထဲမှာ ကိတ်အသေးစားလေးတောင်ရှိသေးတယ် ဒါပေမဲ့ ဒီကလမ်းခရီးကအရမ်းကြမ်းတမ်းတယ်။ အဲ့ဒါကြောင့် အခုလောက်ဆို ကိတ်ကအကုန်ပျက်စီးနေလောက်ပြီ"

ကျိုးရှစ်ယွင် သူမကိုငုံ့ကြည့်လိုက်သည်။ သူ့ရဲ့အရောင်ဖျော့ဖျော့သူငယ်အိမ်တွေသည် တုန်လှုပ်နေ၏။ မွေးနေ့တစ်ခုလေးအတွက်နဲ့ သူမက ဒီကို မိုင်ထောင်ပေါင်းများစွာခရီးနှင်လာခဲ့တယ်.....

Intense Love ( ဘာသာပြန် )Where stories live. Discover now