Chapter-3

6.6K 593 3
                                    


ဟယ့်တီသည် ဖုန်းလက်ခံရရှိပြီး ဆေးရုံသို့ အပြေးအလွှားရောက်ရှိချိန်တွင် စူးကျင်းပေသည် ခွဲစိတ်ခန်းတွင်သာ ရှိနေသေးသည်။ တောက်ပလွန်းသောအနီရောင်မီးနှင့်တံခါးရှေ့၌ အချိန်အကြာကြီးစောင့်ပြီးနောက် ခွဲစိတ်ခန်းတံခါးက နောက်ဆုံးပွင့်လာသည်။

"ဒေါက်တာ ဒေါက်တာ ဘယ်လိုနေလဲ။ အထဲကသူဘယ်လိုနေလဲ။"

ဟယ့်တီသည် ခွဲစိတ်ဆရာဝန်ကို ဖမ်းကိုင်လိုက်ပြီး သူမသည်စိုးရိမ်နေခဲ့သည်။

"အာ စိတ်ချထားလို့ရပါတယ်၊။ လူနာအခြေနေကောင်းပါတယ်။ ခြေထောက်တစ်ဖတ်ကျိုးပြီး နည်းနည်းရှော့ဖြစ်သွားတာနဲ့ တခြား ပွန်းပဲ့တာတွေပဲ ရှိတာပါ။ ဒါပေမယ့် သူအန္တရာယ်မရှိတော့ပါဘူး။"

ဆရာဝန်ဘေးနားမှ သူနာပြုဆရာမသည် အမြန်ပြောပြသည်။

"တကယ်လား"

ဟယ့်တီသည်သက်ပြင်းတစ်ချက်ချရင်း

"ဒါဆို ကျွန်မသူ့ကို သွားတွေ့လို့ရမလား"

သူနာပြုဆရာမက

"လူနာဆောင်ကိုရောက်လာမှ တွေ့လို့ရနိုင်တယ်"

"ကောင်းတယ်"

ဟယ့်တီသည် ခွဲစိတ်ဆရာဝန်၏လက်ကိုဆက်ကိုင်ထားပြီး လွှတ်ပေးရန်မေ့နေသည်။

"မစ္စ"

အလွန်အေးစက်လွန်းသောအသံ။

ဟယ့်တီသည် မော့ကြည့်လိုက်သည်။ အပြာဖျော့ရောင် mask သည်သူ့မျက်နှာကို ဖုံးကွယ်ထားပြီး ထိုမျက်ဝန်းတွေသည် သူမကို အကြည့်လွှဲနိုင်ရန် မေ့စေသည်။ အရမ်းကိုလှပလွန်းသည်ပင်။

"မင်းကို အရင်လွှတ်ခိုင်းလို့ စိတ်မရှိဘူးမလား"

သူသည် စိတ်မရှည်သောအကြည့်ဖြင့်မဟုတ်သော်လည်း စကားအနည်းငယ်ကို ပြောလိုက်သည်။

ဟယ့်တီသည် ရှက်ရွံ့စွာဖြင့်

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ဒေါက်တာ့ကို ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး"

သူသည် ဟယ့်တီကိုဖြတ်ကျော်ကာ စင်္ကြံအဆုံးဆီသို့ လျှောက်သွားသည်။ ဟယ့်တီသည် နောက်ပြန်လှည့်ကြည့်၍ ဤယောက်ျား၏မျက်နှာ အပြည့်အစုံကို သူမ မမြင်ခဲ့ရသော်လည်း သူမ အံ့အားသင့်သွားခဲ့သည်။ သို့သော် သူမသည် အချိန်အကြာကြီး မစဉ်းစားဘဲ စူးကျင်းပေ၏ အခန်းနံပါတ်အား သူနာပြုကို လှည့်မေးလိုက်သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now