Chapter-25

4K 424 2
                                    


အင်ပါယာမြို့တော်ရှိ ကျိုးမိသားစုအကြောင်း စူးကျင်းပေသိထားသမျှအရာအားလုံးသည် ကျောက်ရွှယ်ယန်ဆီမှပင်ဖြစ်၏။ ကျောက်ရွှယ်ယန်ဟာ ကျိုးမိသားစုစီးပွားရေးသည် ရာစုနှစ်များစွာကြာအောင် လက်ဆင့်ကမ်းခဲ့ကြောင်း တစ်ခါက သူမကို ပြောပြခဲ့ဖူးသည်။  စီးပွားရေးပဲဖြစ်ဖြစ် နိုင်ငံရေးပဲဖြစ်ဖြစ်၊ မျိုးဆက်တစ်ခုချင်းစီမှာ လေးနက်တဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိနေ၏။

ကျိုးမိသားစုကို မသိသော ဆွေတော်မျိုးတော်မျိုးရိုးမရှိသော်လည်း ကျိုးမိသားစုအကြောင်းကို အများက နားလည်ထားသည်မှာ အပေါ်ယံအဆင့်သာဖြစ်သည်။  သူတို့၏အင်အားသည် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီး သာမာန်လူများအတွက်တော့ သိသာမထင်ရှားနိုင်ပေ။ အကယ်၍ စစ်မြေပြင်တွင် အသက်နှင့်ခင်မင်ရင်းနှီးမှုရှိခဲ့သော အရင်မျိုးဆက်များသာမဟုတ်ပါက ကျိုးနှင့်စူးမိသားစု နှစ်ခုသည် ဆုံလမ်းရှိမှာမဟုတ်သည့် တောင်နှင့်မြောက်ဖြစ်နေမှာပင်။

သခင်ကြီးကျိုးသည် ငယ်စဉ်က သူမအဖိုးကိုကယ်ခဲ့ဖူးကြောင့် ကျောက်ရွှယ်ယန် သူမကိုပြောဖူးသည်။ ထိုအချိန်က သူမအဖိုးသည် ကျေးဇူးတင်သည့်အနေဖြင့် သူ့သမီးအား သခင်ကြီးကျိုး၏သားနှင့်လက်ထပ်ပေးမည်ဟု ဟာသပြောခဲ့သည်။ ဒီဟာသည် ဟာသတစ်ခုသာ။ သို့သော် မစ္စတာကျိုးသည် တကယ်အဟုတ်မှတ်ယူခဲ့သည်။ ညီအစ်ကိုနှစ်ယောက်သည် ဆက်ဆံရေးကောင်းရှိကြပြီး မိသားစုနှစ်ခုကြားကို လက်ထပ်ပွဲဖြင့် အားကောင်းလာစေရန်မှာ မသင့်လျော်သည့်စိတ်ကူးတော့ မဟုတ်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ ကျိုးမိသားစုသည် အလွန်ရှေးရိုးဆန်သောမိသားစုဖြစ်သည်။ လက်ထပ်ပွဲနှင့်ပတ်သတ်သည့်စည်းမျဉ်းများစွာရှိသည်။ ကျိုးမိသားစုမှလက်ဆင့်ကမ်းလာခဲ့သောထုံးတမ်းအစဉ်အလာများသည် ဘယ်တော့မှအလွယ်တကူမပြောင်းလဲပေ။ ကျိုးမိသားမှတိုက်ရိုက်ဆင်းသက်လာသော သား၊သမီး၊မြေး၊မြစ်များသည် သူတို့၏မွေးရက်ကိုတွက်ချက်၍ ကံကြမ္မာဟောဆရာ၏ဟောကြားချက်ဖြင့်တွဲဖက်ရသည်။ အကယ်၍ သူတို့၏ကံအကြောင်းတရားမတိုက်ဆိုက်လျှင် ကျိုးမိသားစုထံဝင်ဖို့မဖြစ်နိုင်ချေ။

Intense Love ( ဘာသာပြန် )Where stories live. Discover now