Chapter-40

3.7K 383 1
                                    


လေဆိပ်တွင် နှစ်ယောက်ဆုံခြင်းသည် မတော်တဆသက်သက်ပင်။ ရွှီကျားဝေ မှင်သက်နေမိသည်။ စူးကျင်းပေသည်လည်း ဤအရာသည် ထူးခြားဆန်းကြယ်သည်ကိုခံစားရသည်။ သူတို့က နောက်ထပ် သတင်းခေါင်းစီးပိုင်းတွေကို လုပ်လိမ့်ဦးမှာလား။ အစပိုင်းက သတင်းထောက်တွေသည် ရွှီကျားဝေဆီလာခဲ့တာဖြစ်ပြီး စူးကျင်းပေကိုလည်း တွေ့ရလိမ့်လို့ လုံးဝမမျှော်လင့်ထားပေ။

"ကျားဝေ မင်းတို့နှစ်ယောက်က သီးသန့်အကြောင်းကြောင့် အတူတူလာတာလား မင်းတို့ ချိန်းထားခဲ့ကြတာလား"

"ဒါပြီးရင် နှစ်ယောက်က အတူတူသွားစားကြမှာလား"

"နောက် ဘယ်ကိုထပ်သွားကြမှာလဲ"

"ကျင်းပေ ကျင်းပေ အရင်နေ့က Mall မှာတခြားအမျိုးသားတစ်ယောက်နဲ့ဓာတ်ပုံရိုက်ခံရတာနဲ့ပတ်သတ်ပြီး ဘာပြောစရာရှိလဲ။ သူကတကယ်ပဲ သူငယ်ချင်းပဲလား"

.....

ရွှီကျားဝေနှင့်စူးကျင်းပေသည် သတင်းထောက်လူအုပ်ကြီးကိုဖြတ်၍ တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်နေကြသည်။

"ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ လမ်းဖယ်ပေးကြပါ ကျွန်တော်တို့ကျားဝေက အလုပ်ကိုပဲလာတာပါ ကြိုတင်ချိန်းဆိုချက်တွေမရှိပါဘူး"

ရွှီကျားဝေမန်နေဂျာပြော၏။

"ဒါပေမယ့် ဒီလိုတိုက်ဆိုင်မှုမျိုးရှိနိုင်လို့လား ဒီလူနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် ထွက်လာတာလေ"

"ဒါက တကယ်ကိုတိုက်တိုင်မှုတစ်ခုပါပဲ။ ကျားဝေနဲ့ကျင်းပေက သူငယ်ချင်းကောင်းတွေပါပဲ"

"ဒါဆို ကျားဝေ စူးကျင်းပေနဲ့ရှိခဲ့တဲ့သူစိမ်းလူကိုသိလား"

ရွှီကျားဝေ ခဏတာတန့်သွားပြီး ကင်မရာကိုကြည့်ကာ
"ကျွန်တော်လည်း အဲ့ဒါကိုသိပ်မရှင်းဘူး"

နောက်ဆုံးတွင် သူသည် စူးကျင်းပေထံသို့လျှောက်လာ၏။ သတင်းထောက်များသည် ဒီလူနှစ်ယောက်ကိုအတူတူမြင်ရတော့ ပျော်နေကြလေသည်။ ထို့ကြောင့် ဒီနှစ်ယောက်အတွက် လမ်းဖယ်ပေးကြသည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now