Chapter-4

5.8K 576 6
                                    


ကျိုးရှစ်ယွင်နှင့်သူနာပြုနှစ်ဦးသည် ပုံမှန်စစ်ဆေးရန် အခန်းထဲသို့ဝင်လာခဲ့သည်။

ကျိုးရှစ်ယွင်သည် ကုတင်ဘက်သို့လျှောက်သွားပြီး ကုတင်ပေါ်မှလူအား ငုံ့ကြည့်လိုက်သည်။ သူ၏လေသံသည် သာမန်လူနာတွေကဲ့သို့ပင်။

"မူးနေလား"

စူးကျင်းပေသည် မျက်နှာဖုံးတပ်ထားသောဆရာဝန်ကို တစ်ချက်ကြည့်လိုက်ပြီး သံသယမဖြစ်စွာဖြင့်

"နည်းနည်း"

"အန်​ချင်​လို့လား"

"မဟုတ်ဘူး"

"မင်း ဆေးရုံကိုဘယ်လိုရောက်လာလဲ မှတ်မိသေးလား။"

စူးကျင်းပေသည် မျက်တောင်ခတ်လိုက်ပြီး

"ကားမတော်တဆ"

သုံးစက္ကန့်မျှကြာပြီးနောက် စူးကျင်းပေသည် ရုတ်တရက်တစ်စုံတစ်ရာကို သတိပြုမိသွားကာ ဟယ့်တီအား

"ဟုတ်တယ်၊ ကားမတော်တဆမှုပဲ၊ ရွှီကျားဝေ သူအဆင်ပြေရဲ့လား"

ဟယ့်တီသည် သူမကိုတစ်ချက်ကြည့်လိုက်သည်။

"နင်ဒီလိုဖြစ်​​နေချိန်​မှာတောင် သူ့အ​ကြောင်း​တွေးနိုင်သေးတယ်ပေါ့ သူခြေ​ထောက်​နည်းနည်းထိသွားတယ် ဆေးရုံမှာ ရက်​အနည်းငယ်​​နေပြီးရင် သူအဆင်ပြေသွားလိမ့်မယ်"

စူးကျင်းပေသည် သက်ပြင်းတစ်ချက်ချရင်း

"လန့်သွားတာပဲ ငါ့မိသားစုဝေဝေကို ဒုက္ခရောက်စေတယ်လို့ထင်နေတာ"

(TN: ငါ့မိသားစုဆိုတာ ချစ်စနိုးနဲ့ခေါ်တာပါ)

ဟယ့်တီသည် "ငါ့မိသားစုဝေဝေ" ဟူသော စကားကို ကြားသောအခါ သူမ၏မျက်လုံးများအား မှိတ်ထားလိုက်သည်။ သူတို့နားမှ သူနာပြုနှစ်ယောက်သည် ခဏလောက်အေးခဲသွားပြီး ပါးစပ်ပိတ်၍ ရယ်မောလိုက်ကြသည်။ ကျိုးရှစ်ယွင်သည် သူမအား လှမ်းကြည့်ပြန်သည်။ သို့သော် မျက်နှာဖုံးနောက်ကွယ်မှ သူ၏မျက်နှာအား ထုတ်ဖော်မပြသေးဘဲ သူ့ဘေးနားမှ သူနာပြုအား ဖိုင်ပေးပြီး

"ဒေါက်တာလင်းကို နောက်မှ လွှဲပေးလိုက်ပါ။"

"အိုကေ"

Intense Love ( ဘာသာပြန် )Where stories live. Discover now