Chapter-41

3.6K 361 3
                                    


"ကျားဝေ ဘာဖြစ်လို့လဲ ကားထဲဝင်လေ"

မန်နေဂျာသည် အာရုံတခြားရောက်နေသောသူ့ကိုကြည့်ပြီး သက်ပျင်းချလိုက်သည်။

"ကျားဝေ မင်းအခု ခံစားချက်တွေပေါ်မှာ တကယ်ကိုအာရုံမစိုက်သင့်ဘူး"

ရွှီကျားဝေ "ကျွန်တော် မဟုတ်ပါဘူး"

"ငါ့ကိုမဖုံးကွယ်နဲ့ မင်း စူးကျင်းပေကိုကြိုက်တယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ဒီအကြောင်းကိုမေ့ပစ်ဖို့ ငါမင်းကိုအကြံပေးခဲ့တယ်။ စဉ်းစားကြည့် သူမလိုမျိုး အနုပညာလောကမှာရှင်သန်နေတဲ့မိန်းမတစ်ယောက်အတွက် သူမနောက်မှာ နောက်ခံမရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား"

"ဘာကိုဆိုလိုတာလဲ..."

"ငါ ဘာကိုဆိုလိုတယ်ဆိုတာ မင်းနားမလည်ဘူးလား"

မန်နေဂျာသည် စိတ်လေးလံစွာဖြင့် သူ့ပုခုံးကိုပုတ်လိုက်ပြီး

"အနုပညာလောကထဲမှာပြောခွင့်မရှိတဲ့စည်းမျဉ်းတွေကို နေရာတိုင်းမှာတွေ့နိုင်တယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်က သတင်းမှာ သူမအတွက် ထောင်ဂဏန်းလောက်သုံးစွဲပေးခဲ့တဲ့ယောင်္ကျားတစ်ယောက်ရှိတယ်ဆိုတာ မပြောခဲ့ဘူးလား။ ကျားဝေ ဒီလောက,ကလူတွေနဲ့ချစ်ကျွမ်းဝင်တာကို သာမန်ကာလျှံကာမတွေးလိုက်နဲ့"

ရွှီကျားဝေ ခေါင်းလှည့်ကာ ဒီအကြောင်းတွေ သူ့မန်နေဂျာထပ်ပြောလာမည်ကို နားမထောင်ချင်တော့ပေ။ ထို့နောက် သုန်သုန်မှုန်မှုန်ဖြင့် ကားထဲဝင်ထိုင်လိုက်တော့သည်။

နှစ်သစ်ကူးအတွက် စူးကျင်းပေအိမ်ပြန်လာသည့်အချိန်အတောအတွင်း သူမအဖွားနှင့်မိဘတွေသည် သူမကိုကောင်းကောင်းဆက်ဆံသည့်ပုံပေါ်သည်။ ပိုပြီးတိတိကျကျပြောရရင် သူမအပေါ် သူတို့ရဲ့သဘောထားတွေသည် ပိုကောင်းလာခဲ့သည်။ ဒီအရာသည် ကျိုးရှစ်ယွင်နှင့်သူမ၏ဆက်ဆံရေးကြောင့်ဖြစ်ရမည် ဟုသူမထင်သည်။ သေချာတာပေါ့ သူမဆွေမျိုးတွေက သူမသတို့သားလောင်းနှင့်သူမဆက်ဆံရေးက ရုတ်တရက် ပိုကောင်းလာတာကို မပျော်မရွှင်ဖြစ်နေမယ်ဆိုရင် ထူးဆန်းနေလိမ့်မည်။ နောက်ပြီး ထိုသူသည် သူမတချိန်လုံး တွေ့ဆုံရန်ငြင်းဆိုခဲ့သည့် သတို့သားလောင်းနှင့်တစ်ယောက်တည်းပင်။

Intense Love ( ဘာသာပြန် )Where stories live. Discover now