Chapter-36

3.6K 386 2
                                    


စူးကျင်းပေသည် အိမ်အပြန်လမ်းတစ်လျှောက်လုံး ထပ်တလဲလဲပြောကာ နောက်ဆုံးတွင် သူမ၏ကလေးငယ်များနှင့်အတူ သက်တော်စောင့်နှစ်ဦး အောင်မြင်စွာ လွတ်မြောက်သွားကြောင်း ဆုံးဖြတ်လိုက်သောအခါတွင်မှ သက်ပြင်းတစ်ချက် ချလိုက်နိုင်လေသည်။

"ကျိုးရှစ်ယွင် ရှင်တို့မိသားစုကသက်တော်စောင့်တွေက အရမ်းကောင်းတာပဲ ရှင်သူတို့ကို မြှင့်တင်ပေးရမယ်"

"ဒါ သူတို့ရဲ့တာဝန်"

"ဒါမှမဟုတ် သူတို့ရဲ့နှစ်ကုန်အပိုဆုထဲကိုပေါင်းပေးလိုက်ရင်ရော ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့အလုပ်ကောင်းကောင်းလုပ်တာကို ကျွန်မတို့မှတ်ထားရမယ်လေ"

ကျိုးရှစ်ယွင် နှုတ်ခမ်းကော့တက်သွားကာ စကားအများကြီးမဆိုချေ။ စူးကျင်းပေသည် သူ့ကို တံတောင်ဖြင့်အသာအယာတွက်ကာ

"ဟေ့ ရှင်အရမ်းကပ်စေးမနည်းပါနဲ့ အိုကေ သူတို့ကို ဘောနပ်များများပေးရုံပါပဲ"

"သူတို့မှာ သူတို့ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ် ငါသူတို့ကို ထိန်းချုပ်လို့မရဘူး"

"ဒုတိယသခင်လေးက ပြောပေးရင်ရော ကိစ္စရှိမှာလား"

ကျိုးရှစ်ယွင်ဟာ ပုံမှန်အတိုင်း 'အမ်' ဟုသာအသံထွက်လာ၏။ စူကျင်းပေသည် စိန်းစိန်းဝါးဝါးကြည့်ကာ

"ဒါတော့အရမ်းများသွားပြီ ရှင်တို့အားလုံးက တော်တော်ကိုကပ်စေးနည်းတာပဲ"

စူးကျင်းပေသည် မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ဆိုသည်ကိုယုံကြည်သောလူတစ်ယောက်ပင်။ ဒီသက်တော်စောင့်နှစ်ယောက်သည် သူ့ကလေးလေးတွေကို ဒီလိုဖရိုဖရဲအခြေအနေကနေ ကာကွယ်ရန်စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ကျိုးမိသားစုက ဒါဟာသူတို့ရဲ့တာဝန်လို့ပြောပေမယ့်လည်း သူတို့ကို သူမကျေးဇူးတင်ချင်သည်။ သူမ ဘာပေးသင့်လဲ.......

နောက်ပိုင်းတွင် ထိုသက်တော်စောင့်နှစ်ယောက်သည် ရာထူးတိုးမြင့်ခံရပြီး သူတို့လစာတွေနှင့်နှစ်ကုန်အပိုဆုကြေးသည်လည်း ကောင်းကောင်းတိုးလာလေသည်။ ဟုတ်တာပေါ့ စူးကျင်းပေကတော့ သတိမမူမိခဲ့ပေ။

Intense Love ( ဘာသာပြန် )حيث تعيش القصص. اكتشف الآن