Extra-2

4.1K 393 3
                                    



ဒေါက်မြင့်ဖိနပ်ဝါသနာအိုးကတော့သူမဆန္ဒပြည့်ဝသွားတာကြောင့် ဆိုင်ထဲကနေပျော်ပျော်ရွှင်ရွှင်ထွက်လာခဲ့တော့သည်။

"ရေခဲမုန့်"

စူးကျင်းပေအကြည့်တွေတောက်ပသွားပြီး သူမရှေ့ကမုန့်ဆိုင်ကိုတွေ့တော့အော်ပြောလိုက်၏။ ပြောပြီးကျိုးရှစ်ယွင်ကိုလှမ်းကြည့်၏။

"ကျွန်မကဒီအတိုင်းပြောရုံပဲနော် မစားပါဘူး"

ကျိုးရှစ်ယွင်ဘာမှမပြောဘဲသူမလက်ကိုဆွဲ၍ဆိုင်နားလျှောက်သွားသည်။ ကောင်မလေးအချို့ကဆိုင်ဝင်ပေါက်တွင်တန်းစီနေပြီး ကျိုးရှစ်ယွင်ကလည်းသူတို့နောက်မှာရပ်နေလိုက်သည်။

စူးကျင်းပေအံ့ဩနေပုံဖြင့်
"ဘာဖြစ်လို့လဲ ရှင်ကကျွန်မစားဖို့ဝယ်ပေးချင်လို့လား"

စူးကျင်းပေဟာကိုယ်ဝန်ဆောင်နေစဉ်အတွင်း သူမရေခဲမုန့်အများကြီးမစားသင့်ဘူးဆိုတာကိုသိသည်။ ဒါပေမဲ့ သူမလည်းဘာဖြစ်နေမှန်းမသိဘူး၊ သူမကိုယ်ဝန်စဆောင်ကတည်းက အထူးသဖြင့်ဒီအရာတွေကိုစားချင်စိတ်ပြင်းပြနေခဲ့တာ။ သူမအစားကြူးပေမဲ့လည်း ကလေးလေးအတွက်ဆိုဒီဟာတွေကိုမစားမိအောင်သူမအောင့်ထားနေဆဲပဲ။

ကျိုးရှစ်ယွင်ကြင်နာမှုအပြည့်ဖြင့်သူမကိုကြည့်လိုက်သည်။

"အတွေးမမှားနဲ့ ကိုယ်စားဖို့အတွက်ဝယ်နေတာ"

စူးကျင်းပေ "........"

ကျိုးရှစ်ယွင်အလှည့်ရောက်လာ၏။

"ရေခဲမုန့်တစ်ခွက် ဗနီလာအရသာ"

"ဟမ်?"

ဆိုင်ဝန်ထမ်းအံ့ဩသွား၏။

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ"

ဆိုင်ဝန်ထမ်းအကြည့်တွေကကျိုးရှစ်ယွင်နဲ့စူးကျင်းပေထံကျရောက်လာသည်။ အခုလေးတင် ရေခဲမုန့်ဝယ်နေကြတဲ့ကောင်မလေးတွေဟာ သူတို့နားမှာနာမည်ကြီးတစ်ယောက်ယောက်ရှိနေမှန်းသဘောပေါက်သွားတာကြောင့် အားလုံးကဓာတ်ပုံရိုက်ရန်သူတို့ဖုန်းတွေကိုစိတ်အားထက်သန်စွာထုတ်လိုက်ကြသည်။

ကျိုးရှစ်ယွင်ရေခဲမုန့်ကိုယူပြီး ပိုက်ဆံရှင်းပြီးနောက်ကျေးဇူးပါဟုပြော၏။ သူကမျက်မှောင်ကြုတ်နေသည့်စူးကျင်းပေထံလျှောက်သွားလေသည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now