Chapter-49

3.7K 380 4
                                    


စူးကျင်းပေ သူမအခန်းပြန်ပြေးသွားပြီး အိပ်ရာပေါ်လှဲကာ အချိန်ကုန်သွားရန်စောင့်နေလေသည်။ ခုနက ဘာကြောင့် သူနဲ့အတူမသွားရသည့်အကြောင်းအရင်းဟာ ဟိုတယ်မှာ လူအများ ဝင်ထွက်သွားလာနေတာကြောင့်ပင်။ သူမကို အလွယ်တကူမှတ်မိသွားနိုင်၏။ ဓာတ်ပုံသာအရိုက်ခံလိုက်ရလျှင် ကျိုးရှစ်ယွင်ကို စိတ်အနှောင့်အယှက်ပေးလိမ့်မည်။ ဒီလူက ဂရုမစိုက်သည့်ပုံပေါ်ပေမယ့်လည်း။

၅နာရီတွင် စူးကျင်းပေသည် mask တပ်ပြီးဦးထုပ်ဆောင်း၍ အချိန်မီအခန်းထဲမှခိုးထွက်လာခဲ့သည်။ ကျိုးရှစ်ယွင် သူမကိုမက်ဆေ့ပို့ထားသည့်အခန်းသို့ ခိုးကြောင်ခိုးဝှက်လာ၍ တံခါးဘဲလ်တီးလိုက်လေ၏။ တံခါးမြန်မြန်ပဲပွင့်လာသည်။ ကျိုးရှစ်ယွင်သည် တံခါးနောက်တွင်ရပ်နေပြီး သူမကို စိတ်မဝင်စားဟန်ကြည့်နေ၏။

"မြန်မြန် ကျွန်မကိုပေးဝင်"

စူးကျင်းပေဟာ တံခါးမှတိုးဝင်သွားသည်။ ကျိုးရှစ်ယွင် လက်လှမ်းပြီးတံခါးပိတ်လိုက်လေ၏။

"အစားအသောက်မှာခဲ့ပြီလား ကျွန်မဗိုက်ဆာနေပြီ"

စူးကျင်းပေ ဆိုဖာပေါ်တွင် ဂရုမစိုက်ဘဲဝင်ထိုင်လိုက်၏။
"ရှင် steak မှာခဲ့လား"

"မှာပြီးပြီ"

ကျိုးရှစ်ယွင်သည် ဆေးသေတ္တာဘူးကိုထိုးပြ၍ ဘေးစားပွဲပေါ်မှ ဘူးသေးသေးလေးကိုလည်း ညွှန်ပြလိုက်သည်။

"နောက်ပြီးရင်ယူသွား ဒီဟာရောပဲ"

"ဒီဟာကဘာလဲ"

စူးကျင်းပေကို ဒီဘူးလေးသည် ဆွဲဆောင်လိုက်၏။
"လက်ဆောင်လား"

"အဲ့လိုထင်တယ်"

စူးကျင်းပေ ဘူးဖွင့်ပြီး မြင်မြင်ချင်းပင်တောင့်ခဲသွားသည်။

"ကျောက်မျက်ရတနာ"

သူမနှုတ်ခမ်းတစ်စုံသည် ဖြည်းဖြည်းချင်းကော့တက်လာကာ အဆုံးမှာတော့ ပိတ်တောင်မပိတ်နိုင်တော့ပေ။

"ကျိုးရှစ်ယွင် ဒီ ဒီဟာက အရမ်းယဉ်ကျေးလွန်းတယ်။ ဘာစကားတစ်ခွန်းမှမပြောဘဲ ကျောက်မျက်ရတနာလက်ဆောင်ပေးတယ်"

Intense Love ( ဘာသာပြန် )Where stories live. Discover now